ချစ်ပရိသတ်ကြီးရေ...သမီးချောလေးကို မွေးဖွားထားတာတောင် အလှမပျက်ပဲ အနုပညာအလုပ်တွေကို ယနေ့တိုင်ကြိုးစားလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော ခိုင်သင်းကြည်ကိုတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင် သိပြီးသားဖြစ်မှာပါနော်။ အိမ်ထောင်ရေး ကံကောင်းတဲ့ မခိုင်လေးက မိန်းကလေးပရိသတ်တွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပြီး အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။

Photo credit - KHINE THIN KYI'S FB ACCOUNT
Photo credit - KHINE THIN KYI'S FB ACCOUNT

ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မခိုင်လေးက ရုပ်ရှင်ဇာတ်ကားအမြောက်အများမှာ ပါဝင်သရုပ်ဆောင်ထားသူပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ မိသားစုပုံရိပ်လေးတွေကို နေ့စဥ် လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ မျှဝေပေးလေ့ရှိတဲ့ မခိုင်လေးကို ပရိသတ်တွေက အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ် ။ ဒါ့အပြင် ပရိသတ်တွေက သူမရဲ့ သမီးလေး စံထိပ်ထားဦးကိုလည်း အားပေးစပြုလာပြီပဲ ဖြစ်ပါတယ်။

Photo credit - KHINE THIN KYI'S FB ACCOUNT
Photo credit - KHINE THIN KYI'S FB ACCOUNT

ညီအစ်မတွေအလား အထင်မှားရလောက်အောင် အရွယ်တူတွေဖြစ်တဲ့ သူတို့ သားအမိက မကြာခဏဆိုသလို ဆင်တူအင်္ကျီလေးတွေကိုဝတ်ပြီး ပရိသတ်တွေ အချစ်ကို အရယူလေ့ရှိသူတွေပါ။ ယနေ့မှာလည်း ချိုမြတဲ့ အပြုံးလေးတွေနဲ့ အမွှာညီအစ်မတွေလို ပိုစ့်ပေးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - KHINE THIN KYI'S FB ACCOUNT
Photo credit - KHINE THIN KYI'S FB ACCOUNT
Photo credit - KHINE THIN KYI'S FB ACCOUNT

Source & Photo credit - KHINE THIN KYI'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။