မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နာမည်တစ်လုံးနဲ့ အောင်မြင်နေတဲ့ သင်ဇာဝင့်ကျော်က နှစ်အတော်ကြာအောင် အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က သရုပ်ဆောင်အဖြစ်သာမက Model အဖြစ်လည်း Photo Shooting တွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc

သင်ဇာက ကိုယ်လုံးကိုယ်ပေါက်လှပသူဖြစ်သလို သူမရဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုပိုပြီးလှလာအောင် ထိန်းသိမ်းမှုတွေ ပြုလုပ်နိုင်တာ ဖြစ်ပါတယ် ။ အထူးသဖြင့် လေ့ကျင့်ခန်းတွေပုံမှန်လုပ်လေ့ရှိတဲ့ သင်ဇာက အရင်ကထက်တောင် ဆွဲဆောင်မှုရှိပြီး လှနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း သင်ဇာက ပြည်သူ့ရင်ပြင်ထဲမှာ အပြေးလေ့ကျင့်ဖို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဗီဒီယိုရိုက်ကာ တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's IG Story

အလန်းဆုံးဖက်ရှင်လေးကို ဝတ်ဆင်ကာ အားကစားလုပ်နေတဲ့ သင်ဇာကတော့ ရင်ခုန်စွဲမက်ဖွယ်ရာအလှတရားတွေ ပေါ်လွင်နေတာ ဖြစ်ပါတယ် ။ သင်ဇာက ခေါင်းအစခြေအဆုံးအထိ ညှို့အားပြင်းစွာလှနေတဲ့အပြင် လှေကားပေါ်တက်တဲ့အချိန်လေးမှာတောင် အရမ်းကို မိမိုက်နေလွန်းတာ ဖြစ်ပါတယ် ။ ကဲ အပြတ်အသတ်ဂေါ်နေတဲ့ မင်းသမီးချောသင်ဇာဝင့်ကျော်ရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thinzar Wint Kyaw's IG Story 

Photo Credit-Thinzar Wint Kyaw's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။