ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်က အနုပညာလောကမှာ နေရာတစ်ခု ရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး မိသားစုကို အချိန်အပြည့်အဝပေးနေသူလေးပဲ ဖြစ်ပါတယ်။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။မိုးယုစံတို့ မိသားစုလေးမှာတော့ သား Austin လေးကတော့ အိမ်ရဲ့ဆည်းလည်းလေးပဲ ဖြစ်ပါတယ်။ သူမကတော့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကို ဖေ့ဘွတ်စာမျက်မှာ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

ဒီနေ့လေးကတော့ မိုးယုတို့ ဇနီးမောင်နှံရဲ့ လေးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ရာ ဒီနေ့မှာပဲ covid 19 ရောဂါကုသ တိုက်ဖျက်ရေးအတွက် အင်းယားစင်တာကိုသွားရောက်ကာ ငွေကျပ် သိန်း (၃၀) လှူဒါန်းခဲ့ကြောင်း အလှူမှတ်တမ်းလေးနဲ့အတူ "၄နှစ်ပြည့် မင်္ဂလာနှစ်ပတ်နေ့ အင်းယားစင်တာ (COVID 19) ကျန်းမာရေးဌာနအတွက် မိုးယုတို့မိသားစုမှ ငွေကျပ် သိန်း၃၀ အားလှူဒါန်းပါသည် ။ ၇ရက် သားသမီးအပေါင်းရောဂါကင်းဝေးပီးကြပါစေ..." ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှ​ဝေ ပေးလိုက်ပါရစေနော် ။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

Source & Photo Credit : Moe Yu San Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။