ပရိသတ်ကြီးရေ...တချိန်က ထူးထူးဆန်းဆန်း ကကွက်လေးတွေနဲ့ ဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ကာ အနုပညာလမ်းကြောင်းထက်ကို ရဲရဲဝင့်ဝင့်လျှောက်လှမ်းလာခဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ နာမည်နဲ့လိုက်အောင် စိတ်ထားဖြူစင်ပြီး ရိုးသားကြိုးစားတဲ့ သူမက အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တာကလည်း သက်သေပါပဲ။ 

Photo credit - Amazing Grace
Photo credit - Amazing Grace

ယခုမှာဆိုရင် ဖြူဖြူထွေးက ကမ္ဘာကျော်ဆယ်လီများထက် ပရိသတ်တိုးပွားမှုနှုန်း မြင့်တက်နေပြီး မြန်မာနိုင်ငံမှာလည်း ထိပ်တန်းအနုပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရသူပါ။ သူမရဲ့ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးတည်းဖြတ်ထားတဲ့ ကြော်ငြာဇာတ်လမ်းတိုလေးတွေကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူညီတာဖြစ်လို့ အောင်မြင်မှုတွေရရှိနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို စနောက်ပျော်ရွှင်စွာ နေထိုင်တတ်တဲ့ သူမကို လူကြီး လူငယ်မရွေး အားပေးချစ်ခင်နေကြတာပါ။

Photo credit - Amazing Grace
Photo credit - Amazing Grace

ယနေ့မှာတော့ အခွီပုံလေးတွေကို တင်ပေးလာတာမဟုတ်ပဲ ခါတိုင်းနဲ့မတူတဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကြည့်မိသူတိုင်း အချစ်ပိုစေလောက်အောင် ရိုက်ကူးထားတဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ 

Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Phyu Phyu Htwe's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။