အစ်မဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ စီးပွားရေးအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေသူကတော့ သရုပ်ဆောင် မင်သားချောလေး မောင်ပဲ ဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ကိုတစ်ခဲနက် အားပေးခဲ့ကြတာပါ။

Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account

မောင်ဟာ မကြာသေးခင်က Covid ရောဂါကူးစက်ခံခဲ့ရတာကြောင့် ပရိသတ်တွေက စိတ်ပူခဲ့ကြရတာပါ။ သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း ပရိသတ်တွေကို ဗီဒီယိုလေးတွေ ရိုက်ကူးကာ အမြဲတင်ဆက် ပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ရောဂါပျောက်ကင်းပြီဖြစ်တာကြောင့် Volunteer လုပ်ကိုင်ရန် ဖောင်ကြီးကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျရာနေရာကနေ တာဝန်ထမ်းဆောင်ရန်ဖောင်ကြီးကုသရေးစင်တာသို့ရောက်ရှိနေတဲ့ သရုပ်ဆောင် မောင်ရဲ့ Videoလေးပဲ ဖြစ်ပါတယ်။ သူနေထိုင်ရမယ့် အခန်းတွေနဲ့ လူနာဆောင်တွေကိုပါ ပြသထားပါသေးတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Sein Phyo Hlaing’s Facebook Account and Sein Phyo & Yi’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။