ပရိတ်သတ်ကြီးရေ......ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင် မင်းသမီးချောမိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူလည်းအပါအ၀င်ဖြစ်ပါတယ်။ မိုးယုစံဟာ အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာဆိုရင်လည်း ခင်ပွန်းဖြစ်သူစွမ်းသူနဲ့အတူ သာယာအေးချမ်းတဲ့မိသားစုဘ၀လေးကိုတည်ထောင်ထားတာပါနော်။

photo credit-Moe Yu San's Facebook acc
photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ သို့သော်လည်း ပရိတ်သတ်တွေကသူမကိုအချစ်မလျော့ပဲဆက်လက်အားပေးချစ်ခင်နေကြသလို သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြရတာပဲဖြစ်ပါတယ်။ သားလေးဟာလည်း ၂နှစ်ကျော်ရှိသွားပြီဖြစ်ပြီး စကားလေးတွေတီတီတာတာပြောကာချစ်မွှေးပါတဲ့ ကလေးလေးဖြစ်ပါတယ်။

photo credit-Moe Yu San's Facebook acc
photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ အခုဆိုရင်လည်းဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပြီး မိုးယုရဲ့ခင်ပွန်းဟာလည်း ဇနီးဖြစ်သူနဲ့ သားလေးအပေါ်ကို ဂရုစိုက်ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း မိုးယုဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ငယ်ငယ်တုန်းက ဦးထုတ်လေးတွေ ပြန်ဆောင်းပီး သဘောကျနေတာ" ဆိုတဲ့ captionလေးနဲ့အတူ သားလေးရဲ့ပုံလေးတွေ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Moe Yu San's Facebook acc
photo credit-Moe Yu San's Facebook acc

Source & photo credit-Moe Yu San's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။