ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာအပြင် ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။

ဒီးဒီရဲ့ ချစ်သမီးလေး ခင်လင်းထင်ကိုတော့ Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို လည်လွန်းတတ်လွန်းပြီး နှုတ်ခမ်းဆူဆူလေးနဲ့ အသည်းယားလောက်အောင် အမြဲချစ်စရာကောင်းနေသူလေးပါ..။

Photo Credit - Sandy Myint Lwin's Fb Page
Photo Credit - Sandy Myint Lwin's Fb Page

ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာနေပြီဖြစ်တဲ့ ထရက်ရှာလေးကတော့ အခုဆိုရင် မေမေလို့တောင် ခေါ်တတ်နေသလို မေမေ့ပုံတွေကိုကြည့်ပြီး မေမေလို့ လိုက်ခေါ်နေပါပြီနော်..။

သူမရဲ့ကြော်ငြာပိုစတာတွေကိုကြည့်ပြီး မှတ်မိကာ မေမေလို့လိုက်ခေါ်နေတဲ့ သမီးလေး ထရက်ရှာကြောင့် မေမေဒီးဒီတစ်ယောက်တော့ ပီတိဖြစ်လို့မဆုံး ကြည်နူးနေပါတယ်နော်..။

Photo Credit - Sandy Myint Lwin's Fb Page
Photo Credit - Sandy Myint Lwin's Fb Page

"ကမ္ဘာပေါ်မှာ နားထောင်လို့ အကောင်းဆုံးသော ခေါ်သံလေးတစ်ခု မေမေကြားခွင့်ရခဲ့ပြီ သမီးလေးရေ

"မေမေ" တဲ့......

မေမေ့ကိုတွေ့တာနဲ့ ခေါ်ယုံတင်မဟုတ်ဘူး ၊ မေမေ့ပုံတွေတွေ့တာနဲ့ သူ့အမေဆိုတာ သူမှတ်မိနေတတ်ပြီ။

ထရက်ရှာရဲ့ မေမေလို့ ခေါ်သံမှာ ဒီမေမေအရည်ပျော်ရပါပြီ သမီးရေ

ချစ်တယ်.." ဆိုပြီး ချစ်စရာ သမီးလေးရဲ့ ဗီဒီယိုင်လေးကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေ အားလုံးကလည်း အသည်းယားစရာကောင်းလောက်အောင် မေမေ ခေါ်နေတဲ့ Treasure လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သဘောကျနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin's Fb Page
Photo Credit - Sandy Myint Lwin's Fb Page

Source & Photo Credit - Sandy Myint Lwin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။