အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းသည် အီတလီစီးရီအေကလပ် အင်တာမီလန်အသင်း၏ တောင်ပံကစားသမား ပါရီဆစ်ကို ပြောင်းရွှေ့ကြေးတိုးမြင့်၍ကမ်းလှမ်းသွားမည်။

အီတလီစီးရီအေကလပ် အင်တာမီလန်အသင်းသည် အသင်း၏တောင်ပံကစားသမား ပါရီဆစ်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ပေါင် ၄၈သန်းခန့်လိုချင်နေကာ မန်ချက်စတာယူနိုင်တက်အသင်းအနေနှင့်လည်း ထိုမျှငွေကြေးကမ်းလှမ်းရဖွယ်ရှိသည်။ 

မန်ချက်စတာယူနိုင်တက်အသင်းသည အသက်၂၈နှစ်ရှိ ခရိုအေးရှားကွင်းလယ်လူ ပါရီဆစ်ကိုသာမက ချယ်ဆီးအသင်း၏ကွင်းလယ်လူမာတစ်နှင့် ရီးရဲမက်ဒရစ်တိုက်စစ်မှူးမိုရာတာကိုပါ ပစ်မှတ်ထားလျက်ရှိသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။