ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့ပြီး အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

Photo Credit:Soe Myat Nandar ' s Facebook Page
Photo Credit:Soe Myat Nandar ' s Facebook Page

ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အသားအရေစိုပြေပြီး နုပျိုလှပကာ ချစ်စရာကောင်းနေဆဲဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ညီအမတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင် ၊စန္ဒီမြင့်လွင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ကို ဖွင့်လှစ်ထားခဲ့ပါတယ်။ 

Photo Credit:Soe Myat Nandar ' s Facebook Page
Photo Credit:Soe Myat Nandar ' s Facebook Page

သူမကတော့ ယခုမှာ ဘုရားစင်ပါရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်လေးကိုလိုက်လံပြသရင်းပရိသတ်တွေနဲ့ ပျော်ရွှင်စွာစကားပြောနေခဲ့ပါတယ်။သူမရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ချစ်စရာLive ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်နန္ဒာရဲ့ Live ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source : Soe Myat Nandar ' s Facebook Page 

Photo Credit:Soe Myat Nandar ' s Facebook Page
Photo Credit:Soe Myat Nandar ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။