အကယ်ဒမီနန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကတော့ မိသားစုအပေါ်မှာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်ကလည်း ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာရပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်နော်။အခုလိုကိုဗစ်ကာလမှာတော့ နန္ဒာလှိုင်တို့မိသားစုက အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးနေထိုင်နေကြတာဖြစ်ပါတယ်။ဦးဇေသီဟကတော့ အခုလိုအချိန်မျိုးမှာ မိသားစုကိုစနောက်နေတာဖြစ်လို့ အခုဆိုရင်လည်း ယောက်ဖဖြစ်သူစိန်ဖြိုးလှိုင်ကို ဆေးထိုးလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

ဦးဇေသီဟကတော့"ဒေါက်တာ စိန် ဗီဒီယိုမင်းသားလုပ်တော့ လူတိုင်း ရင်းနှီးပြီး ခေါ်ရခက်တဲ့ နာမည်ပေးခဲ့တယ်။ မောင်..’အပျိုပေါက်လေးတွေ မရဲတရဲ ခေါ်ခဲ့ရတဲ့ ဒီနာမည် ရဲ့ ကျောင်း နာမည်ကလည်း ကြည့်ပါဦး။စိန်ဖြိုးလှိုင် ကြားလိုက်တဲ့ လူတိုင်း နောက်တစ်ခါ ပြန်မေးပြီး ပါးစပ်က ရွတ်ကြည့်ရအောင် နာမည်ခပ်ဆန်းဆန်း ခပ်စိမ်းစိမ်းကြီး။အခုခေါ်ကြပြန်ပြီ။ ဒေါက်တာစိန် တဲ့ ဒီအကြောင်းတော့ ထူးထူးခြားခြားထပ်မပြောတော့ဘူး။ သူငယ်ချင်းတွေကတော့ ဒေါက်တာစိမ် လို့ပဲ ခေါ်ကြမှာပါ။ အရမ်း စိမ် နိုင်သူကြီးဆိုတာ သူငယ်ချင်းအရင်းကြီးတွေ တညီတညွှတ်တည်း ထောက်ခံမှာ သေချာတယ်။"

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

"သူ့အစ်မ နဲ့ စကြိုက်တုန်းက သူ့နာမည်ကို သူ့အစ်မက မိတ်ဆက်ပေးတော့ ဒီလို တွေးခဲ့မိသေးတယ်။ စိန်ဖြိုးလှိုင်ဆိုတဲ့ နာမည် မှားနေလားလို့။ သူအဖေနာမည်က ဦးချိန်လှိုင် ပဲဟာ။ ချိန်ဖြိုးလှိုင် ပဲဖြစ်ရမှာ လို့တွေးမိသေးတယ်။ ချိန်ဖြိုးလှိုင် လို့ နာမည်ပေးလိုက်တာကို အမှတ်မှားကြပြီး စိန်ဖြိုးလှိုင် ဖြစ်သွားတာ ဟုတ်မဟုတ် သေချာ မေးဦးမယ်။ဒေါက်တာစိမ် (သို့) ချိန်ဖြိုးလှိုင် ရေဂုဏ်ယူပါတယ်။ ဖောင်ကြီးဆင်း ဒေါက်စိန် ဖြစ်သွားပြီပေါ့။လောလောဆယ် တွေ့တဲ့ ပုံက ( ဖောင်ကြီးဆင်း )နေလို့ Crop လုပ်တာ လက်လွန်သွားတယ်။ Sorry ....."ဆိုပြီး ဆေးအကြီးကြီး ထိုးတာဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

Source&Photo Credit:Zay Thiha's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။