ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်၊ သရုပ်ဆောင် ဦးအရိုင်းကိုတော့ အားလုံးက ချစ်ခင်အားပေးကြမယ် ထင်ပါတယ်နော် ။ အနုပညာသက်တမ်းရင့်တဲ့ ဦးအရိုင်းက သူ့ရဲ့ပြောင်မြောက်တဲ့အရည်အချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုဆိုရင် ဦးအရိုင်းက သူ့ရဲ့သမီးလေး ပန်းနုပျိုမေကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာလည်း ဖြစ်ပါတယ်

Photo Credit-Pyo Pyo May's FB Acc
Photo Credit-Pyo Pyo May's FB Acc
Photo Credit-Pyo Pyo May's FB Acc

ပျိုပျိုမေလို့လည်းခေါ်တဲ့ ဦးအရိုင်းရဲ့သမီးလေးကတော့ ရွှေကြိုမယ်လေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီလည်း ဖြစ်ပါတယ် ။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ပျိုပျိုမေလေးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ မနေ့ကတော့ ပျိုပျိုမေက သူမရဲ့ Facebook Page လေးကနေ ချစ်ဖေဖေနဲ့အတူ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Pyo Pyo May's FB Acc
Photo Credit-Pyo Pyo May's FB Acc
Photo Credit-Pyo Pyo May's FB Acc

ဦးအရိုင်းနဲ့ သမီးလေး ပျိုပျိုမေတို့ကတော့ Live လွှင့်ပြီး ကလေးဘဝတုန်းက အမှတ်တလေးတွေကို ပြောခဲ့ကြတာ ဖြစ်ပါတယ် ။ ဦးအရိုင်းကတော့ ရယ်စရာအဖြစ်အပျက်လေးတွေကိုပါ ပြောပြခဲ့သေးတာဖြစ်ပြီး သမီးလေးနဲ့အတူ ပျော်ရွှင်ရယ်မောနေခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ ကြည့်မိသူပရိသတ်တွေကို အပျော်တွေကူးစက်သွားစေနိုင်တဲ့ ဦးအရိုင်းနဲ့ သမီးလေး ပျိုပျိုမေတို့ရဲ့ Live Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"Pyo Pyo May-Pinky" FB Page

Photo Credit-Pyo Pyo May's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။