ချစ်ပရိသတ်ကြီးရေ...အဆိုတော်ကြီး ထူးအယ်လင်းကတော့ အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး အယ်ဘမ်လ်ပေါင်းများစွာကို ထွက်ရှိအောင်မြင်ထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူရဲ့ အနုပညာအရည်အချင်းတွေကလည်း တကယ်ကို ထူးခြားကောင်းမွန်တာကြောင့် ထွက်ရှိသမျှတေးသီချင်းတွေကလည်း ပရိသတ်တွေအကြိုက်တွေစေခဲ့တာပါနော်။ သူရဲ့ ဇနီးဟောင်း အဆိုတော် မီးမီးခဲကလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကွယ်လွန်သွားခဲ့တာကြောင့် သူမ အတွက် ရည်မှန်းပြီး အလှူတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Htoo El Lynn's Facebook Account

မရှိဆင်းရဲသားတွေအတွက် ဆန်နဲ့ အခြားသော ပစ္စည်းတွေကို လှူဒါန်းနေတဲ့ ထူးအယ်လင်းရဲ့ အလှူထဲကို သရုပ်ဆောင် ထူးခြားကလည်း ပါဝင်လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ ထူးအယ်လင်းက ထူးခြားရဲ့ သိတတ်မှုကို " မနက်ဖြန်အလှုအတွက် လုပ်အားဒါန ဆန်ဒါန ထပ်မံအားဖြည့်ပေးမည့် ညီလေးထူးခြား ကျေးဇူးပါဗျာ သာဓု သာဓု သာဓု " ဆိုပြီး ကျေးဇူးတင် ချီးကျူးထားတာလည်း ဖြစ်ပါတယ်။

Photo credit - Htoo El Lynn's Facebook Account

ဒါ့အပြင် ထူးခြားကလည်း သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ကျွန်​တော်တို့ကိုအား​ပေးနေကြသော မိဘပြည်သူ​တွေရဲ့အလှူအ​နေနဲ့ ကိုထူးအယ်လင်းတို့ဦးစီးတဲ့ပရဟိတအသင်းကမှတဆင့် အိမ်​ခြေ ၃၃ အိမ်အတွက် ဆန် ၃ပြည်အိတ် ၃၃ အိတ် ကိုလှူဖြစ်တယ်ဗျာ " ဆိုပြီး ကြည်နူးစရာကောင်းလောက်အောင် ရေးသားဖော်ပြထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။

Photo credit - Htoo El Lynn's Facebook Account
Photo credit - Htoo El Lynn's Facebook Account

Source & Photo credit - Htoo El Lynn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။