အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ပြင်သစ်လက်ရွှေးစင်တိုက်စစ်မှူး ဂျရူးကတော့ အသင်းပြောင်းရန်စိတ်ဝင်စားခြင်းမရှိဘဲ အာဆင်နယ်အသင်းတွင်သာ ပုံမှန်ပွဲထွက်ခွင့်ရရန် ကြိုးပမ်းသွားမည်ဟုပြောခဲ့ပါတယ်။

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းအပြင် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်နှင့်ဝက်စ်ဟမ်းအသင်းတို့သည် အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဂျရူးကို ခေါ်ယူရန်အသီးသီးစိတ်ဝင်စားနေကြပါတယ်။ 

လက်ရှိအချိန်တွင် လိုင်ယွန်အသင်း၏တိုက်စစ်မှူး လာကတ်ဇီကို အာဆင်နယ်ကခေါ်ယူရန်သဘောတူညီမှုရခဲ့ပြီဆိုသောကြောင့် တိုက်စစ်မှူးဂျရူးအနေဖြင့် ကစားခွင့်နည်းလာဖွယ်ရှိနေသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။