မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကောင်းလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ Social Media ထက်မှာ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ ဖြူဖြူထွေးက မာန်မာနကင်းပြီး အားလုံးအပေါ်မှာ ဖော်ရွေစွာ ဆက်ဆံတတ်သူလေး ဖြစ်ပါတယ် ။ ဖြူဖြူထွေးက လူချစ်လူခင်ပေါများသလို သူမရဲ့မျက်နှာလေးကလည်း အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက ကြော်ငြာတွေအများအပြား လက်ခံရိုက်ကူးနေရတာကြောင့် သူမရဲ့မိဘနှစ်ပါးကိုပါ ကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ လုပ်ကျွေးပြုစုနိုင်ပြီပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖြူဖြူထွေးက သူမရဲ့မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ် ။ Tik Tok ကစားတဲ့နေရာမှာလည်း အရမ်းတော်တဲ့ ဖြူဖြူထွေးက အပျော်တမ်းဗီဒီယိုလေးတွေကို မကြာခဏဆိုသလို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace

အခုလည်း ဖြူဖြူထွေးက လတ်တလောမှာရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ အပီအပြင်ကပြလိုက်တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက အမေဖြစ်သူရဲ့ဘေးမှာရပ်ပြီး ရုပ်တည်ကြီးနဲ့ ခါးလေးကိုလှုပ်ကာ စည်းချက်ကျကျလေး ကပြလိုက်တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့အမေကတော့ သမီးလေးလုပ်သမျှကို ထိုင်ကြည့်နေရတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးတို့သားအမိရဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Amazing Grace
@whitehtwe

It Really Hurts (Contains music from: Kabet - Gagong Rapper) - mimiyuuuh

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။