အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်း၏ ပရိသတ်တစ်ဦးဖြစ်သူ ဂေးဟင်ဂင်းသည် သူပြောခဲ့တဲ့စကားအတိုင်းတည်အောင် တင်ပါးမှာချယ်ဆီးကစားသမားဟောင်းတယ်ရီ၏နာမည်ကိုတက်တူးထိုးခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း၏ ပရိသတ်တစ်ဦးဖြစ်သူ ဂေးဟင်ဂင်းသည် အကယ်၍ ဂျွန်တယ်ရီသာ လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းသို့ပြောင်းလာခဲ့ပါက တင်ပါးတွင် တယ်ရီ၏နာမည်ကိုထိုးမည်ဟုပြောခဲ့တာဖြစ်ပြီး သူ့ကတိအတိုင်းထိုးခဲ့တာပါ။ 

အင်္ဂလန်ကစားသမား တယ်ရီအနေဖြင့် အင်္ဂလန် ချန်ပီယံရှစ် အသင်းဖြစ်သော အက်စတွန်ဗီလာနှင့် တစ်ပတ်လုပ်ခပေါင်၆သောင်းဖြင့်တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ အကယ်၍အက်စတွန်ဗီလာအသင်းသာ ပရီးမီးယားလိဂ်သို့တန်းတက်နိုင်ခဲ့ပါက ဆုကြေးပေါင်၂သန်းရရှိမည်ဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။