ပရိသတ်တွေအားလုံးချစ်ကြတဲ့ ချစ်သက်ခေါ် သက်မွန်မြင့် နဲ့ လီဆူတိုင်းရင်းသူလေး ခင်လေးနွယ် တို့အနုပညာညီအစ်မနှစ်ယောက်ကတော့ ဒီဇိုင်နာပညာ သင်ယူနေတယ်လို့သိရပါတယ်။

သူမတို့သူငယ်ချင်းနှစ်ဦးဟာ အနုပညာလမ်းကြောင်းပေါ် အတူတူရောက်လာခဲ့ပြီး တီဗွီကြော်ငြာအချို့မှာလည်း အတူပါဝင်ခဲ့ဖူးပါတယ်။

ချစ်သက်နဲ့ ခင်လေးနွယ်ကို အခုလို နှစ်ယောက်တွဲမမြင်ရတာအတော်ကြာပြီမို့ ပရိသတ်အချို့ကတော့ ကြည်နူးပိတိဖြစ်နေပါတယ်။

အကယ်ဒမီရရှိထားတဲ့သက်မွန်ဟာ အခုချိန်မှာတော့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ မိသားစုဘဝလေးရရှိထားပြီဖြစ်ပေမယ့် အချစ်ရေးနဲ့ပတ်သက်လို့ အသံတိတ်နေတဲ့ ခင်လေးနွယ်ကတော့ အခုချိန်ထိ အပျိုကြီးဘဝနဲ့ နုုပျိုလန်းဆန်းနေတုန်းပါပဲ။

နှစ်ယောက်လုံးရဲ့ ပရိသတ်တွေရှိလား။

သတင်းအရင်းမြစ် khin lay nwe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။