မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ အခက်အခဲ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ သူမတို့ရဲ့ အချစ်ရေးက သာယာကြည်နူးဖွယ်ကောင်းတယ်ဆိုတာ သူမတို့ရဲ့ ဓာတ်ပုံလေးတွေက သက်သေပြနေပါတယ်။

စိုးမြတ်နန္ဒာဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အကိုဖြစ်သူဆီကိုလည်း သွားလည်ခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။ ဒါ့အပြင် အဆိုတော်အေးချမ်းမေတို့နဲ့အတူ အသိမိတ်ဆွေတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ခရီးစဉ်တစ်လျောက် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူမရဲ့ fan page မှာ တင်ထားပြီး သူမကတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါပါတယ်တဲ့ ပရိသတ်ကြီးရေ...

လတ်ရှိမှာတော့ သူမတို့နှစ်ယောက်ရဲ့ စုံတွဲဓာတ်ပုံတွေဟာ ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။ လှပတဲ့ ရှုခင်းပုံတွေနဲ့အတူ အပြန်အလှန် ဓာတ်ပုံရိုက်ပေးနေကြတဲ့ ကြည်နူးဖွယ် စုံတွဲဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်နော် ပရိသတ်ကြီးရေ......

Source: Soe Myat Nandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။