မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4မှာ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်အတိုတွင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ မေမြင့်မိုရ် ဟာ ချစ်စရာအပြုံးချိုချို လေးတွေအပြင် တမူထူးခြားတဲ့ အလှတရားတွေကြောင့် ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်နေရတာဖြစ်ပါတယ်။

Photo Credit - May Myint Mo fb Page
Photo Credit - May Myint Mo fb Page

ဒါ့အပြင် အရပ်ရှည်ပြီး စမတ်ကျနေတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်နေတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ မေမြင့်မိုရ် က အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း မေမြင့်မိုရ် က မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - May Myint Mo fb Page
Photo Credit - May Myint Mo fb Page
Photo Credit - May Myint Mo fb Page

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က လွတ်လပ်ပေါ့ပါး တဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ် က " မင်းအကြောင်းတွေးတိုင်း အချစ်တွေတိုးလာတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အလန်းစားပုံလေးတွေနဲ့ ချစ်အားပိုအောင်ဖမ်းစားထားတဲ့ မေမြင့်မိုရ် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - May Myint Mo fb Page

Source - May Myint Mo fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။