ပရိသတ်ကြီးရေ.. ထက်ထက်မိုးဦးလို့ ဆိုလိုက်တာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ စွဲမြဲစွာ နေရာယူထားတဲ့ ပြည်သူ့အချစ်တော် အကယ်ဒမီမင်းသမီးချောတစ်ဦးကို မြင်ယောင်မိကြမှာပါနော်..။
ကျရာ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ကောင်းတဲ့အပြင် အသံချိုချိုလေးနဲ့ ပြောဆိုတတ်တဲ့ သူမရဲ့ ပင်ကိုယ်ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။
ပရိသတ်အချစ်တော် မထက်ကတော့ ဘဝအမှတ်တရလေးတွေကို ပြန်လည်အောက်မေ့သတိရရင်း ဆယ်ကျော်သက်အရွယ် လှသွေးကြွယ်ခဲ့တဲ့ သူမရဲ့ငယ်ဘဝလေးကို ချစ်ပရိသတ်တွေကို ချပြလိုက်ပါတယ်နော်..။
ဆယ်ကျော်သက်အပျိုဖြန်းအရွယ် လှသွေးကြွယ်တဲ့အချိန်မှာ မိုးကုတ်မြို့ရဲ့ အလှဘုရင်မဖြစ်ခဲ့တဲ့ သူမရဲ့ ငယ်ဘဝလေးကိုပြသလိုက်တာဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ မထက်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာကောင်းလွန်းပါတယ်နော်..။
"ရတနာမြေမှာ မွေးတော့
ရတနာတွေကိုချစ်တာပေါ့လို့ ဒါပေမယ့်
ပရိသတ်ရဲ့ မေတ္တာတွေက ထက်ကိုပိုပြီး အားရှိစေတာပါ.." ဆိုပြီး ချစ်စဖွယ်လေးလည်း ပြောပြထားပါသေးတယ်နော်..။
ငယ်စဉ်ကတည်းက ချစ်ဖို့ကောင်းလွန်းတဲ့ မထက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမှာ အသေအချာပဲမို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။
Source & Photo Credit - Htet Htet Moe Oo's Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။