Mobile Legends ထဲမှာဆိုရင်တော့ တစ်ဦးတည်းသော စီးတော်မြင်းရှိမှ ထိန်းမရအောင် ကြမ်းတဲ့ Hero ကတော့ Leomord ပဲဖြစ်ပါတယ်။ သူဟာဒီတိုင်း Ulti မရှိရင် သတ်ရတာလွယ်ပြီး သူကိုယ်တိုင်လဲ သိပ်မကြမ်းပါဘူး။ ဒါပေမဲ့ သူရဲ့ Ulti သာရှိနေမယ်ဆိုရင်တော့ မတွေးရဲစရာပါပဲ။ High Rank တွေနဲ့ ပြိုင်ပွဲတွေမှာလဲ သူ့ကိုအကိုင်များကြတာ ပရိသတ်ကြီးသိမှာပါ။ အောက်မှာဆိုရင်တော့ သူရဲ့ Skill တချို့ကို ဖော်ပြပေးလိုက်ပါတယ်။  

Skill 1 ကတော့ Shield တစ်ခုပေါ်လာမှာဖြစ်ပြီး အရှေ့ကို သူရဲ့လက်နက်နဲ့ ထိုးလိုက်မှာဖြစ်ပြီး ၄၀ရာခိုင်နှုန်းနှေးစေမှာပါ။ အချိန်ကြာလေပိုအားပြင်းလေဖြစ်တာမို့ နောက်တစ်ချက်တော့မနှိပ်မိပါစေနဲ့။ Skill 2 ကတော့ အရှေ့ကိုပြေးဝင်သွားတာဖြစ်ပြီး Damage လဲထိစေကာ ၁စက္ကန့်ကြာ ၃၀ရာခိုင်နှုန်းစေမှာပါ။ Ultimate ကတော့သူရဲ့စီးတော်မြင်းကို ခေါ်ယူလိုက်ကာ မြင်းလာရာလမ်းတစ်လျှောက်ရန်သူတွေကို အနောက်တွန်းထုတ်နေမှာပါ။ ၃၅ရာခိုင်နှုန်းလဲ နှေးနေစေမှာဖြစ်ပါတယ်။ သူသာမြင်းစီးလို့ရသွားရင် လှုပ်ရှားနှုန်း ၆၀ တိုးလာပြီး ခုခံအား ၄၀တိုးလာမှာပါ။ မြင်းစီးနေတုန်းဆိုရင်တော့ Skill 1က ခုန်လိုက်တာဖြစ်ပြီး ကျတဲ့နေရာမှာ ကျောက်ဆူတွေထွက်ကာ ၄၀ရာခိုင်နုန်းနှေးစေပြီး Damage ထိစေမှာပါ။ 

Skill 2ကတော့ သတ်မှတ်ထားတဲ့နေရာကို ဝင်လိုက်ပြီးတော့ ရန်သူကို တွန်းထုတ်ကာ Damage ထိစေမှာဖြစ်ပါတယ်။ Passive ကတော့ ရန်သူသွေးက ၃၀ရာခိုင်နှုန်းအောက်ရောက်နေပြီဆိုရင် Leo ရဲ့တိုက်ခိုက်ချက်တွေက Critical ထွက်နေစေမှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင်တော့ Ulti သုံးမြင်းခေါ်က မြင်းလာနေတုန်း Skill 1 ကိုသုံးပါ အာ့ဆိုကွက်တိပါပဲ....ဒါမှမဟုတ် Skill 2 သုံးပြီး မြင်းဆိကိုပြေးဝင်ပါ။ အဲ့နောက်မြင်းစီးတဲ့အခါ Skill 1 သုံးလိုက် ခုတ်လိုက် Skill 2 သုံးလိုက်လုပ်နေပါ။ သူ့ Skill ကထွက်တဲ့ Damage တွေကတော်တော်ကြမ်းပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။