မိသားစု၊ ချစ်သူ၊ သူငယ်ချင်း၊ လုပ်ငန်းခွင်… စသည်ဖြင့် လူမှုပတ်ဝန်းကျင် အသီးသီးမှာ တစ်ဦးနှင့် တစ်ဦး ပတ်သက် ဆက်နွယ်နေသမျှ သံသယ ဆိုတာ ဖြစ်ပေါ်လာနိုင််ပါတယ်။ ယုံကြည်မှု ရရှိနေသူ၊ ယုံကြည်ခံရသူတွေဟာလည်း ဒီယုံကြည်မှုကို ဆက်လက်ထိန်းထားဖို့ လိုအပ်ပါတယ်။ အခုခေတ်မှာ နောက်ကျော ဓားနဲ့ထိုးခံရပါများတော့ လူတိုင်းနီးပါးကို မယုံနိုင်ဘဲ သံသယတွေ ဖြစ်နေကြပါတယ်။ သံသယဆိုတာက ထားတဲ့သူလည်း မကောင်းသလို သံသယ အဖြစ်ခံရသူ အနေနဲ့လည်း အရမ်းကို နေရထိုင်ရ ခက်ပါတယ်။ သံသယစိတ်ရဲ့ ဆိုးကျိုးမျာစွာအနက် အနည်းငယ်ကို မျှဝေလိုက်ပါတယ်။

၁) စိတ်ပင်ပန်းပါတယ်

လက်ရှိအချိန်မှာ သူက သိ မသိ မသေချာပေမဲ့ ကိုယ်က သံသယ ဝင်နေသူမို့ ကိုယ့်ရဲ့ စိတ်က အရင် ပင်ပန်းပါတယ်။ သူနဲ့ မဖြစ်မနေ ပတ်သက်နေရမဲ့ အချိန်မျိုးမှာ ဘာပဲဖြစ်ဖြစ် သူ့ကို ယုံကြည်ပေးလိုက်တာက သင့်အတွက်ရော သူ့အတွက်ပါ ကောင်းပါတယ်။ စိတ်ဖိစီးမှု များခြင်းကလည်း ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ စိတ်သက်သာရအောင် နေပါ။

၂) အချိန်နှောင့်နှေးစေတယ်။

သူ့ကို သံသယ ဝင်နေလို့ ရှေ့ဆက်သင့်၊ မဆက်သင့် စဉ်းစားနေရတာနဲ့ပဲ မလိုအပ်ဘဲ အချိန်တွေ ကုန်ပါတယ်။ နှောင့်နှေးစေပါတယ်။ ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို သံသယစိတ်တွေနဲ့ အချိန်ကုန် မခံလိုက်ပါနဲ့။

၃) ယုံကြည်မှု ပျက်ပြားစေတယ်။

ဒါကတော့ ရှင်းရှင်းလေးပါပဲ။ သံသယ ဖြစ်တယ် ဆိုကတည်းက ယုံကြည်မှုဆိုတာ ပျက်ပြားနေပါပြီ။ ကိုယ်က သူ့ကို မယုံကြည်လို့ သံသယဖြစ်တယ်။ သူကလည်း ဒီသံသယကို သိသွားပြီး သင့်ကို ယုံကြည်တော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ အချင်းချင်း ယုံကြည်မှု ပျက်ပြားစေပါတယ်။

၄) အမုန်းနဲ့ လမ်းခွဲပါလိမ့်မယ်။

မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်တတ်တာမို့ သံသယ ဝင်ရင် အဲ့ဒီ ဆိုးကျိုးကို သင် ပြန်ခံစားရမှာပါ။ သူကလည်း သံသယ အဝင်ခံရသူမို့ ဘယ်လိုနည်းနဲ့မှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ သံသယရဲ့ အကျိုးဆက်ကြောင့် အချင်းချင်း မယုံမကြည်ဖြစ်ပြီး အမုန်းနဲ့ လမ်းခွဲကြသည်အထိ ဖြစ်နိုင်ပါတယ်။

အားလုံးပဲ အချင်းချင်း သံသယ ကင်းရှင်းပြီး ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံကြပါစို့ ….

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။