ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ Abed, kuku, 23Savage,jabzနဲ့ Whitemoon တို့ဟာ Among us အသင်းကို ယာယီဖွဲ့စည်းပီး BTS Pro Series Season 3:SEA ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့တယ်။

ဒီ Among Us အသင်းဟာ group stage မှာတော့ တော်တော်လေးအခြေအနေကောင်းခဲ့ပေမယ့် lower bracket final မှာ Motivated.Trust အသင်းကို ရှုံးနိမ့်ပီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ယာယီဖွဲ့စည်းထားတဲ့ Among Us ဟာပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

သို့ပေမယ့် မနေ့ကတော့ kuku ဟာ Among Us ကိုပြန်လည်ဖွဲ့စည်းပီး Dota Summit 13 ကိုဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။

ဒါပေမယ့် roster ကတော့ အရင် roster အဟုတ်တော့ပါဘူး။

23Savage, jabz နဲ့ Whitemoon တို့ကတော့ ဒီ roster မှာပါဝင်လာခြင်းမရှိတော့ဘဲ သူတို့နေရာမှာ inYourdreaM, Xepher နဲ့ March တို့ကအစားဝင်လာခဲ့ပါတယ်။

ဒါ့ကြောင့် Dota Summit 13 ဝင်ရောက်ယှဥ်ပြိုင်မယ့်Among Us 2 ရဲ့ roster အပြည့်အစုံကတော့

Po 1- inYourdream

Po 2- Abed

Po 3- kuku

Po 4- Xepher

Po 5- March

တို့ပဲဖြစ်ပါတယ်။

Source - kuku facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။