အမေရိကန်နိုင်ငံ Utah ပြည်နယ်၊ Salt Lake City မှာနေထိုင်တဲ့ Abby Brady မှာတော့ ထူးထူးဆန်းဆန်း 2 နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။

သားလေးရဲ့နာမည်ကတော့ Theo ဖြစ်ပီး သူဟာလူအရိုးစုကြီးနဲ့ ထူးထူးဆန်းဆန်း သူငယ်ချင်း တစ်ယောက်လို ဆက်ဆံနေထိုင်နေတာပဲ ဖြစ်ပါတယ်။

Photo credit -Abby Brady ig
Photo credit -Abby Brady ig

အဲ့အရိုးစုကြီးကိုပေးထားတဲ့ နာမည်ကတော့ Benny ပဲဖြစ်ပါတယ်။

Theo လေးဟာ သူ့ရဲ့အရိုးစုကြီး Benny ကို ထမင်းစားတဲ့အချိန်ပဲ ဖြစ်ဖြစ်, ဆော့တဲ့အချိန်ပဲ ဖြစ်ဖြစ် ၊ အိပ်တဲ့အချိန်ပဲ ဖြစ်ဖြစ် သူဘာလုပ်လုပ် ဘေးနားမှာထားပီး သက်ရှိသူငယ်ချင်းတစ်ယောက်လို ဆက်ဆံတတ်သူပဲ ဖြစ်ပါတယ်။

ဒါ့အပြင်သူဘယ်သွားသွား ၄င်းအရိုးစုကြီးကို ယူသွားတတ်ပီး နောက်ဆုံးစျေးဝယ်ထွက်ရင်တောင် ၄င်းအရိုးစုကြီးနဲ့ အတူထွက်တာပါ။

Photo credit -Abby Brady ig
Photo credit -Abby Brady ig

Theo လေးဟာ သူရဲ့အချိန်တိုင်းကို အရိုးစုကြီးဘေးနားမှာထားတတ်ပြီး သက်ရှိလူတစ်ယောက်လို စကားပြောလိုက် ၊ မုန့်ကြွေးလိုက် တကယ့်သူငယ်ချင်းအရင်းကြီးလိုပါပဲ။

တကယ်တော့ဒီအရိုးစုကြီးဟာ သူတို့အိမ်ရဲ့ Hallowen party မှာ အလှဆင်ခဲ့တဲ့ လူလုပ် အရိုးစုကြီးဖြစ်ပီး Theo လေးက မြင်မြင်ချင်း သံယောဇဥ်ဖြစ်ပီး ၄င်းအရိုးစုကြီး Benny နဲ့ သူငယ်ချင်းလို ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

တခြားကစားစရာတွေများစွာရှိပေမယ့် ဒီအရိုးစုကြီးကိုပဲ ခုံမင်နှစ်သက်နေတဲ့ Theo လေးကတော့ တကယ်ထူးခြားတဲ့ ကလေးတစ်ယောက်ပါပဲ။

Photo credit -Abby Brady ig
Photo credit -Abby Brady ig
Photo credit -Abby Brady ig
Photo credit -Abby Brady ig
Photo credit -Abby Brady ig
Photo credit -Abby Brady ig
Photo credit -Abby Brady ig

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။