League Of Legends : Wild Rift ဟာဆိုရင် Mobile Legends လောကကို လှုပ်ခတ်စေမယ့် ဂိမ်းတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ Alpha Test ကိုစမ်းသပ်ပြီးပြီးဖြစ်ပါတယ်။ Alpha Test ကိုစမ်းသပ်တဲ့အချိန်မှာလဲ ကောင်းမွန်တဲ့ Feedback တွေကိုပြန်လည်ရရှိခဲ့ပါတယ်။ စမ်းသပ် Server တွေကတော့ Brazil နဲ့ Philippines တို့ပဲဖြစ်ကာ ပရိသတ်တွေလဲ Live ကြည့်လိုက်ရမယ်လို့ထင်ပါတယ်။ အဲ့အခါမှာ ဂိမ်းရဲ့ Graphic အကြမ်းစားကြီးကို တွေ့မြင်ရမှာဖြစ်ပါတယ်။  

ဖုန်းပေါ်မှာဆော့တဲ့ Graphic ဟာဆိုရင် LOL PC ပေါ်ကထက် တော်တော်မြင့်တယ်ဆိုတာကိုလဲ တွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် သင့်အနေနဲ့ တန်ဖိုးမြင့် ဖုန်းတစ်လုံးလိုမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းတော့ သူတို့ဟာ LOL : WR ကို လူတိုင်ဆော့ကစားနိုင်အောင် ပြုလုပ်ထားတာမို့ ဖုန်းရဲ့လိုအပ်တဲ့ ဟာတွေကို ပြောပြခဲ့ပါတယ်။ သူတို့စမ်းပြီးဆော့ပြတဲ့ဖုန်းကတော့ Samsung A7 ပဲဖြစ်ပါတယ်။ Android Version အတွက် လိုအပ်တဲ့အနည်းဆုံး ဟာတွေကတော့ Ram 1GB ရယ် Qualcomm Snapdragon 410 processor နဲ့ Adreno 306 GPU ပဲလိုအပ်ပါတယ်။ iOS အတွက်ကတော့ iPhone 5S အထက် ဆော့လို့ရပါတယ်။ Samsung A7 ဆိုတာ Samsung Galaxy A7 (2016) ထွက်ကိုပြောတာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။