ပြည်သူချစ်တဲ့ အနုပညာရှင် မင်းသားမင်းသမီးတွေကတော့ ဒီဝါကျွတ်အပြီးမှာ သူတို့ချစ်တဲ့ လက်တွဲဖော်တွေနဲ့အတူ တစ်အိုးတစ်အိမ် ထူထောင်တော့မှာဖြစ်လို့ သူတို့ရဲ့ မင်္ဂလာသတင်းတွေ စုစည်းတင်ပြလိုက်တယ်နော်။

ပထမစုံတွဲကတော့ ပြည်သူချစ်မင်းသားမြင့်မြတ်ရဲ့ မင်္ဂလာသတင်းပါ။ မြင့်မြတ်က ၅နှစ်ကြာလက်တွဲလာခဲ့တဲ့ သူ့ရဲ့ချစ်သူ ခင်သူအောင်နဲ့ မင်္ဂလာပွဲဆင်နွဲတော့မှာဖြစ်ပါတယ်။ "လောလောဆယ်တော့ ဘယ် မှာ မင်္ဂလာဆောင်မလဲ ဆိုတာ စီစဉ် နေတုန်း ပါ။ ရန်ကုန်မှာ နှစ်ပွဲစီစဉ် ထားတယ်။ ကျွန်တော့်ကောင်မလေး က မန္တလေးကဖြစ်တဲ့အတွက် မန္တလေးမှာလည်း တစ်ပွဲလုပ်ဖို့ စီစဉ်ထားတယ်။ မင်္ဂလာပွဲက စုစုပေါင်း သုံးပွဲလုပ်သွားမယ်" လို့ မြင့်မြတ်ကနေ ပြောကြားခဲ့ပါတယ်။

ဒုတိယစုံတွဲကတော့ မင်းဦးနဲ့ ခိုင်ဝေသူတို့ပဲ ဖြစ်ပါတယ်။ ၁ဝနှစ်ကြာ ချစ်သူသက်တမ်းရှိခဲ့တဲ့ သူတို့နှစ်ယောက်ဟာလည်း ဒီဝါကျွတ်အပြီး မင်္ဂလာဆောင်တော့မှာဖြစ်ပါတယ်။ Novotel ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပမယ့် မင်းဦးက"ဒီနှစ်ကုန် ပိုင်း လောက် မင်္ဂလာပွဲ လုပ်ဖို့ မှန်းထား ပါတယ်။ ရက်အတိ အကျတော့ နောက်မှ ထပ်ပြောပါမယ်။ ကျွန်တော်တို့ကတော့ ကြီးကြီး ကျယ်ကျယ် လည်း ဘာမှမလုပ်ပါဘူး။ ခင်မင်တဲ့ မိတ်ဆွေ တွေနဲ့ အသိ အမှတ်ပြုတဲ့ ဒင်နာပွဲပဲလုပ်ဖြစ်မယ်" လို့ ပြောကြားခဲ့ပါတယ်။

တတိယစုံတွဲကတော့ ပရိသတ်တွေအားကျရလောက်အောင့ နေရာပေါင်းစုံမှာ မင်္ဂလာပွဲအကြိုဓာတ်ပုံတွေရိုက်ခဲ့တဲ့ စွမ်းသူမိုးနဲ့မိုးယုစံတို့ စုံတွဲပဲဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ အစောဆုံးဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ (ယနေ့) ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော် ကွန်းတင် လက်မှတ် ရေးထိုး ပွဲ၊ အောက်တိုဘာလ ၂ဝ ရက်နေ့ မဟာစည် သာသနာ့ရိပ်သာ မှာ မင်္ဂလာဦး ဆွမ်းကျွေး၊ အောက်တို ဘာလ ၂၉ ရက်နေ့ Melia ဟိုတယ် မှာ စုလျားရစ်ပတ် လက်ထပ် မင်္ဂလာပွဲ၊ အောက်တိုဘာလ ၃၁ ရက်နေ့ နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာ ညစာစားပွဲ များနဲ့ ၄ ပွဲတိတိ ကျင်းပ ပြုလုပ် သွားမှာဖြစ်ပါတယ်။

စတုတ္ထစုံတွဲကတော့ အဆိုတော် ဝီလျံနဲ့ မသန့်စင်မွန်တို့ပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ ချစ်သူသက်တမ်း ၆နှစ်ကြာအပြီး မှာ လက်ထပ်ပွဲဆင်နွှဲမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၉ရက်နေ့က နှစ်ဖက်မိဘရှေ့မှာ စေ့စပ်ခဲ့တဲ့ ဝေလျံမှ "တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုကို ညှိယူရ တယ်။ တချို့ အရာတွေမှာ အယူ အဆ လွဲတာလေးတွေ ရှိတယ်။ အဲဒီ လိုနဲ့ ၆ နှစ်ကျော် တွဲလာခဲ့တဲ့ ရည်းစားသက်တမ်းအတွင်းမှာ ကျွန်တော်တို့ အဆင်ပြေအောင် ညှိတယ်။ သဝန်တွေတိုပြီး ရန်တွေ ဖြစ်တာလည်း ရှိတာပေါ့။ ဒါပေမဲ့ အားလုံးကို ကျော်ဖြတ် လာခဲ့ပြီးပါပြီ ကျွန်တော် ကအ ကောင် သေးတော့ ကျွန်တော့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု တော့မယ်လို့ ထင်ကြ မှာပါ။ အမှန် အတိုင်းပြောရရင် ကျွန်တော့် အသက်က ၂၈ နှစ်ရှိပါပြီ။ ကျွန်တော့် ကောင်မလေးက ကျွန်တော့် ထက် တစ်နှစ်ငယ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နောက်ဆုံးစုံတွဲကတော့ ရုပ်ရှင်မင်းသား ကောင်းခန့်နဲ့ မရူပါတို့ဖြစ်ပြီး နိုဝင်ဘာ ၁၄ရက်နေ့မှာ Novotelဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၁ဝနှစ်ကျော်ကြာ လက်တွဲခဲ့ကြတဲ့ ကောင်းခန့်က "မင်္ဂလာပွဲတွေ စပြီးစီစဉ် ကတည်းက တအားစိတ် လှုပ်ရှားပါတယ်။ ကျွန်တော့် အပေါ် မှာလည်း တအား နားလည်ပေးတယ်။ ချစ်သူ သက်တမ်း ၁ဝ နှစ်ကြာမှ အခုလို လက်တွဲဖြစ်ခဲ့တာပါ။ အဓိက ကတော့ တစ်ယောက် နဲ့တစ်ယောက် နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ရှေ့ဆက်သွားမယ်" လို့ ပြောကြားခဲ့ပါတယ်။

Source : myanmarcelebrities

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။