ပြီးခဲ့တဲ့ အောက်တိုဘာလ 5 ရက်နေ့က တရုတ်နိုင်ငံ Jixi မှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ရေခဲသေတ္တာထဲမှာ ထည့်ထားတာကြာပီဖြစ်တဲ့ ခေါက်ဆွဲကို ပြုတ်ပီးမနက်စာအနေနဲ့စားခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့တစ်မိသားစုလုံးဟာ ၄င်းခေါက်ဆွဲဟာ ရေခဲသေတ္တာထဲမှာ ထည့်ထားစဥ် bongkrek acid ကြောင့် အဆိပ်အတောက်ဖြစ်လာခဲ့တာကို မသိရှိခဲ့ပါဘူး။

Photo credit - Daily Mail

ဒါ့ကြောင့် မိသားစုဝင်တွေဟာ ၄င်းခေါက်ဆွဲစားပီးတဲ့ အချိန်မှာပဲ အစာအဆိပ်သင့်ခဲ့ကြပါတယ်။

ဒါ့ကြောင့် အစာအဆိပ်သင့်တဲ့ မိသားစုဝင်တွေကို ဆေးရုံပို့ခဲ့ပေမယ့် မိသားစုဝင် ခုနှစ်ယောက်ဟာ အောက်တိုဘာလ 10 ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။

သူတို့သေဆုံးပီး နှစ်ရက်လောက်အကြာမှာပဲ 8 ယောက်မြောက် မိသားစုဝင်ကလည်း သေဆုံးခဲ့ပါတယ်။

Photo credit - Daily Mail

ကိုးယောက်မြောက် မိသားစုဝင်ကတော့ Li လို့နာမည်ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပီး သူမဟာလည်း ပြီးခဲ့တဲ့ တနလ်ာ နေ့ကပဲ သေဆုံးသွားခဲ့ပါပြီ။

သို့ပေမယ့် ၄င်းမိသားစုထဲက ကလေးသုံးယောက်ကတော့ ဒီခေါက်ဆွဲအရာသာကိုမကြိုက်လို့ မစားခဲ့တာကြောင့် အသက်ချမ်းသာရာရခဲ့ပါတယ်။

ပရိသတ်တွေလည်း သူတို့မိသားစုလို အဖြစ်ဆိုး မကြုံရအောင် ဂရုစိုက်ကြဦးနော်။

Source- Daily Mail

Photo credit - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။