အမေရိကန်နိုင်ငံ Texes ပြည်နယ် ၊ San Angelo မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပျောက်ဆုံးသွားခဲ့ပါတယ်။

သူမဟာ အသက် 23 နှစ်အရွယ် ကလေးနှစ်ယောက်မိခင် Selena Ann Bradley ဖြစ်ပီး နောက်ထပ်ကိုယ်ဝန်ကိုပါ လွယ်ထားရတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit - Daily Mail

အဲ့ဒီနောက်မှာတော့ ရဲတွေဟာ Selena ကိုလိုက်လံရှာဖွေခဲ့ပီး ပျောက်ဆုံးသွားတဲ့နေ့အပီး သုံးရက်အကြာ ပီးခဲ့တဲ့ တနလ်ာနေ့က သူမရဲ့ ex ချစ်သူကောင်လေးအိမ်မှာပြန်တွေ့ခဲ့ရပါတယ်။

သို့ပေမယ့် ရဲတွေဟာ သူမကို ex ကောင်လေးရဲ့ မီးဖိုချောင်က ရေခဲသေတ္တာထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတွေဟာ Selena ရဲ့ ex ချစ်သူ အသက် 39 နှစ်အရွယ် William James Martinez ကိုဖမ်းဆီးခဲ့ပီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Photo credit- Daily Mail

သေဆုံးသူ Selena ရဲ့ ခန္ဓာကိုယ်မှာဆိုရင်လည်း တိုက်ခိုက်ခံထားရတဲ့ လက္ခဏာတွေတွေ့ရပေမယ့် ရဲတွေက အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Selena ဘာ့ကြောင့်အသတ်ခံရသလဲဆိုတာ ေသချာမသိရသေးပေမယ့် သူမရဲ့ ကလေးနှစ်ယောက်နဲ့ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးလေးအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။

Source; Daily Mail

Photo Credit - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။