Photo credit: HLTV

North America region က CS:GO team တစ်ခုဖြစ်တဲ့ MIBR ကတော့ cogu ကို အသင်းရဲ့ coach အဖြစ်ခေါ်ယူခဲ့ပီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

MIBR ဟာပီးခဲ့တဲ့ 9 လပိုင်း 13 ရက်နေ့က coach ဖြစ်သူ dead ကိုအသင်းကနေ ထုတ်ပယ်ခဲ့သလို FalleN, fer နဲ့ TACO တို့ကိုလည်း inactive players နေရာကိုပို့ပစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အသင်းရဲ့roster ကို ပထမဆုံးပြန်လည်အားဖြည့်တဲ့အနေနဲ့ cogu ကို coach အနေနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

သို့​ပေမယ့် cogu ဟာ coach အနေနဲ့သာမက အသင်းရဲ့ manager အဖြစ်ပါတာဝန်ယူသွားမှာပဲ ဖြစ်ပါတယ်။

လက်ရှိ MIBR ရဲ့ cs:go roster အပြည့်အစုံကတော့

Vito "⁠kNgV-⁠" Giuseppe

Alencar "⁠trk⁠" Rossato

Raphael "⁠cogu⁠" Camargo (coach/manager)

တို့ဖြစ်ပီး roster ပြည့်စုံဖို့အတွက် နောက်ထပ် players သုံးယောက်ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

Source - MIBR twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။