ပရိသတ်ကြီးရေ.....မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ချိန်က 'မောင်' ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်နော်။ အခုချိန်မှာဆိုရင်တော့ ဒေါက်တာစိန်ဖြိုးလှိုင်ဟာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာ၀န်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်....။

photo credit-SEIN PHYO& YI's Facebook page
photo credit-SEIN PHYO& YI's Facebook page

စိန်ဖြိုးလှိုင်ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာလည်းဖြစ်ပြီး ဧရာ၀တီစင်တာမှာကုသမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ကိုဗစ်ရောဂါပျောက်သွားပြီလည်းဖြစ်ပြီးတော့ ဖောင်ကြီးကုသရေးစင်တာမှာ volunteerအနေနဲ့ တာ၀န်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်နော်....။

photo credit-SEIN PHYO& YI's Facebook page
photo credit-SEIN PHYO& YI's Facebook page

ဒေါက်တာစိန်ဖြိုးလှိုင်ဟာ ဖောင်ကြီးကုသရေးစင်တာမှာ တာ၀န်ကျေပွန်စွာနဲ့ထမ်းဆောင်နေတာလည်းဖြစ်ပြီးတော့ မကြာသေးမီကတော့ သူ့ရဲ့ Facebookစာမျက်နှာမှာ "Dr စိန်တလုံးတဲ့ ဆရာမတို့ကတော့ နောက်ပြီ" ဆိုပြီးရေးသားကာ သူ့ရဲ့ PPE၀တ်စုံလေးမှာ နာမည်ပေးထားတဲ့အကြောင်းလေးကို ပုံလေးနဲ့အတူတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-SEIN PHYO& YI's Facebook page
photo credit-SEIN PHYO& YI's Facebook page

Source& photo credit-SEIN PHYO& YI's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။