ပရိသတ်ကြီးရေ.. လွန်ခဲ့တဲ့နှစ်တွေက အရမ်းကိုအောင်မြင်လူကြိုက်များခဲ့တဲ့ "မင်းလက်ကလေး ကိုင်ချင်လို့ တစ်စက္ကန့်လောက် ခွင့်ပြုပါ" ဆိုတဲ့ သီချင်းလေးကိုတော့ ပရိသတ်တွေ ယနေ့အချိန်ထိ စွဲမြဲစွာ အမှတ်ရနေကြဦးမှာပါနော်..။

"တစ်စက္ကန့်"သီချင်းလေးကို Rဇာနည်၊ ကျော်သူစိုးနဲ့အတူ တွဲဖက်ပြီးသီဆိုခဲ့တဲ့ Rapper အဆိုတော် စိုးမိုးမင်းကတော့ ယနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Soe Mon Aung's Fb Acc
Photo Credit - Yan Yan Chan's Fb Acc

Rap ဂီတကို ရူးသွပ်ကာ အနုပညာရှင်အချင်းချင်းကတောင် လေးစားအားကျခဲ့ရ Zero အဖွဲ့မှ Rapper အဆိုတော် စိုးမိုးမင်းဟာ အသည်းရောဂါနဲ့ ချင်းမိုင်မြို့မှာ ကွယ်လွန်သွားတာပါ..။

အကြွေစောလွန်းတဲ့ စိုးမိုးမင်းရဲ့ စိတ်မကောင်းစရာသတင်းကတော့ ဂီတအနုပညာရှင်တွေကို အတော်လေး အံ့သြသင့်စေခဲ့ပြီး မယုံနိုင်လောက်အောင် စိတ်မကောင်းဖြစ်နေတာလည်း တွေ့ရပြီး ဝမ်းနည်းစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Photo Credit - Yan Yan Chan's Fb Acc
Photo Credit - Phyo Zeya Thaw's Fb Acc

"သူငယ်ချင်းတို့ ငါတို့ကောင်ကြီး " စိုးမိုးမင်း" ဆုံးသွားပြီ.. ကျော်သူစိုး လှမ်းပြောတာ

ကောင်းရာမွန်ရာရောက်ပါစေကွာ.." ဆိုပြီး ရန်ရန်ချမ်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ဂီတအနုပညာရှင်တွေ စိတ်မကောင်းဖြစ်နေကြသလို "မြန်မာပြည် hip hop ခေတ်ဦးတွင်

ဦးဆောင်သူတစ်ယောက်ဖြစ်သော...

မြန်မာ့ ပထမဆုံး hiphop အဖွဲ့ tu-ballz

ပူးတွဲတည်ထောင်သူ

ကျွန်တော်တို့ထက်

Rap ဂီတကိုရှေ့ဆောင်လမ်းပြပြုလုပ်ခဲ့သူ...

သူ့rap flowများကို

ကျွန်တော်တို့ကိုယ်တိုင် လေးစားအားကျခဲ့ရသူ...

"ငါ့နာမည် S double M

တချိန်မှာမိုက်ခဲ့ကြတာ အမှန်"

ငယ်စဉ်ထဲက ကဲဖေါ်ကဲဘက် အမိုက်စား Rapperကြီး

Zero အဖွဲ့မှ စိုးမိုးမင်း အသည်းရောဂါဖြင့် ချင်းမိုင်မြို့တွင်

ယနေ့ကွယ်လွန်သွားပါသည်။

မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။.." ဆိုပြီးတော့လည်း သားစိုးက ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - Yan Yan Chan's Fb Acc

Source & Photo Credit - Yan Yan Chan's Fb Acc & Soe Mon Aung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။