အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းသည် ကာလရှည်ပစ်မှတ်ထားနေသော အဲဗာတန်အသင်း၏ တိုက်စစ်မှူး လူကာကူကိုခေါ်ယူနိုင်ခဲ့ပြီဟု သိရှိရပါတယ်။

အသက်၂၄နှစ်အရွယ်ရှိ အဲဗာတန်အသင်း၏ တိုက်စစ်မှူး လူကာကူအတွက် မန်ချက်စတာယူနိုင်တက်အသင်းနှင့်အဲဗာတန်အသင်းကြား ပြောင်းရွှေ့ကြေး ပေါင်ရ၅သန်းဖြင့်သဘောတူညီမှုရခဲ့တာပါ။ 

အရပ်အမောင်းမြင့်မားကာ တိုးအားရုန်းအားကောင်းသည့် ဘယ်ဂျီယံလက်ရွှေးစင်တိုက်စစ်မှူး လူကာကူသည် ယမန်နှစ် အင်္ဂလန် ပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းအတွက် ၃ရပွဲကစားကာ ၂၅ဂိုးသွင်းယူပေးခဲ့သော ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။

Hein  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။