ပီးခဲ့တဲ့ ဇန်နဝါရီလ 19 ရက်နေ့က မှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုအတွင်းမှာ Shaun Harvey ဟာ သူ့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ Zac နဲ့ Harley ကိုကယ်တင်ဖို့ မီးတောက်နဲ့ မီးခိုးတွေကြားမှာ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။

သို့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဖခင်ဖြစ်သူဟာ ကလေးတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။

Photo credit - Metro
Photo credit - Metro

သူ့စိတ်ထဲမှာတော့ မီးခိုးတွေကြားက သူဆွဲတင်ခဲ့တဲ့ ခြေလက်နှစ်ချောင်းဟာ ကလေးနှစ်ယောက်ရဲ့ ခြေလက်တွေလို့ထင်ခဲ့ပေမယ့် တကယ်တော့ ဒါဟာ Harley တစ်ယောက်ထဲရဲ့ လက်နဲ့ခြေထောက်ပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူအနေနဲ့လည်း သူရဲ့ နောက်ထပ်ကလေးတစ်ယောက်ကို ကယ်ဖို့ ထပ်မံကြိုးစားခဲ့ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ ကလေးလေးတစ်ဦးကတော့ မီးထဲမှာပဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

Photo credit - Metro
Photo credit - Metro

ဒီဖြစ်ရပ်ကိုပြန်လည်ပြောကြားခဲ့သူကတော့ ကလေးတွေရဲ့မိခင် Erin Harvey ဖြစ်ပီး ကယ်တင်နိုင်ခဲ့တဲ့ ကလေးကလည်း ဆိုးရွားတဲ့မီးလောင်ဒဏ်ရာတွေရှိခဲ့ပါတယ်။

မိခင်ဖြစ်သူအနေနဲ့လည်း သူ့ရဲ့ကလေးလေးရဲ့ ဒဏ်ရာတွေကိုကြည့်ပီး အကိုဖြစ်သူသေဆုံးသွားပီလို့ ပြောဖို့တောင် တော်တော်လေးခက်ခဲ့ပါတယ်။

အခုတော့ Harley ရဲ့မီးလောင်ဒဏ်ရာတွေဟာ နောက်ဆုံးပုံထဲကအတိုင်း သက်သာလာခဲ့ပီ ဆိုပေမယ့် ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာကြောင့်ရတဲ့ အမာရွတ်တွေကတော့ သေသည့်တိုင်အောင် စွဲထင်ကျန်ရစ်နေတော့မှာပါ။

Photo credit - Metro
Photo credit - Metro
Photo credit - Metro
Photo credit - Metro

Source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။