ဒီအမျိုးသားကတော့ Honza Simsa လို့ခေါ်တဲ့ အသက် 26 နှစ်အရွယ် Czech Republic နိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။

သူဟာ ငယ်ငယ်ကတော့ ဘာဘီတစ်ယောက်လို ဖြစ်ဖို့ ဆန္ဒမရှိခဲ့ပေမယ့် အသက် 20 ကျော်လာတဲ့အချိန်မှာ ဆန္ဒပြင်းပြမှုတွေ ​ဖြစ်ပေါ်လာပီး 2017 ခုနှစ်ထဲကစတင်ပီး သူ့ရဲ့ခန္ဓာကိုယ်ကို ဘာဘီတစ်ယောက်နဲ့တူဖို့ ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

Photo credit - PA Real Life
Photo credit - PA Real Life

ဒါ့အပြင် Simsa ဟာ အမျိုးသမီးတစ်ယောက်လို ပြုမူနေထိုင်ရတာကိုလည်း ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပီး အသက်အရွယ်ရလာတဲ့နောက်ပိုင်းမှာ အဝတ်အစားကအစ အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်လာခဲ့ပါတယ်။

Simsa ဟာ သူ့ရဲ့ စိတ်ကူးအိမ်မက်ထဲကအတိုင်း ဘာဘီတစ်ယောက်လို ဖြစ်ဖို့အတွက် မျက်နှာကိုလည်း အကြိမ်ကြိမ်ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။

ခွဲစိတ်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း ငွေကြေးများစွာကူန်ကျခဲ့ပီး တချို့သောခွဲစိတ်ခတွေကို သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ပေးချေပေးခဲ့ရတာပါ။

Photo credit - PA Real Life
Photo credit - PA Real Life

Samsa ဟာအရင်က ယောကျာ်းတစ်ယောက်လိုနေထိုင်ခဲ့ပေမယ့် သူ့ရဲ့စိတ်ထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာရအောင်လုပ်ဖို့ပဲ စိတ်ကူးနေခဲ့တာပါ။ ဒါ့ကြောင့် နောက်ဆုံးမှာ ဘာဘီရုပ်လေးတစ်ရုပ်နဲ့ တူအောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပီး ခွဲစိတ်မှုတွေနဲ့ သူ့ရဲ့ဘဝကို ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

အခုတော့ Simsa ဟာ သူလိုချင်တဲ့မျက်နှာနဲ့ သူနေထိုင်ချင်တဲ့ဘဝမှာ လွတ်လပ်စွာနေထိုင်နေပီပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရော Simsa ကို အခုပုံလေးနဲ့ အရင်ယောကျာ်းပုံလေးနဲ့ ဘယ်ပုံနဲ့က သူနဲ့ပိုကြည့်ကောင်းတယ်လို့ ထင်ကြလဲ။

Source - Daily Mail

Photo credit - PA Real Life
Photo credit - PA Real Life
Photo credit - PA Real Life
Photo credit - PA Real Life
Photo credit - PA Real Life

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။