Photo credit - Liquipedia

CIS region က carry player ကောင်းတစ်ဦးဖြစ်တဲ့ dream’ ရဲ့ နာမည်အရင်းကတော့ Kiyalbek Tayirov ဖြစ်ပြီး သူဟာ Kyrgyzstan နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 2000 ခုနှစ် 3 လပိုင်း 28 ရက်နေ့ဖြစ်တာကြောင့် dream’ ဟာ အခုမှ အသက် ၂၀ အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

Dota 2 pro secen ပေါ် ဝင်ရောက်လာတာကတော့ 2018 ခုနှစ် နှစ်ကုန်ပိုင်းလောက်ကဖြစ်ပြီး Team Empire Hope မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ dream’ ဟာ 2018 ခုနှစ် 11 လပိုင်း 10 ရက်နေ့ကနေ 2018 ခုနှစ် 12 လပိုင်း 26 ရက်နေ့ထိကစားပြီးနောက် Team Empire Faith ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာလည်း dream’ ဟာ 2019 ခုနှစ် 1 လပိုင်း 15 ရက်နေ့အထိကစားပြီးနောက် Team Empire main အသင်းကိုရောက်ရှိပါတယ်။

Team Empire မှာတော့ dream’ ဟာ 2019 ခုနှစ် 9 လပိုင်း 27 ရက်နေ့အထိကစားခဲ့ပြီးနောက် Gambit Esports အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။

Gambit နဲ့အတူတော့ dream' ဟာ 2020 ခုနှစ် 5 လပိုင်း ကုန်လောက်က ESL One Birmingham 2020 ယှဥ်ပြိုင်အပီးမှာ inactive လုပ်သွားခဲ့ပီး ပြီးခဲ့တဲ့ရက်ပိုင်းက Gambit Esports ကြေညာခဲ့တဲ့ roster အသစ်ထဲမှာလည်း ပြန်လည်ပါဝင်လာခြင်းမရှိတော့ပါဘူး။

ဒါ့ကြောင့် dream' ကို သိပ်မကြာခင်မှာ CIS region က အသင်းတစ်သင်းမှာ ပြန်လည်မြင်တွေ့လာနိုင်ဖွယ်ရှိပါတယ်။

dream' ကစားတတ်တဲ့ id တွေကတော့ dream , dream’ , cutcutcut တို့ဖြစ်ပြီး ကစားသမားဘ၀ total earnings ကတော့ $60,316 USD ရှိနေပြီပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။