အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ အသင်းခေါင်းဆောင် ရွန်းနီသည် အသင်းဟောင်းအဲဗာတန်သို့ ပြောင်းရွှေ့မည်ဟု ကောလဟာလများထွက်ရှိလျက်ရှိရာ အချို့သော အဲဗာတန်ပရိသတ်များမှာအလွန်အမင်းပျော်လျက်ရှိသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ အသက်၁၁နှစ်အရွယ်ရှိ ကိုဒီဂယ်စကယ်ဆိုတဲ့ ကောင်လေးကတော့ ရွန်းနီပြန်လာမည်ဆိုတာကိုကြားရပြီနောက်ပိုင်း အလွန်ဝမ်းသာနေကာ အဲဗာတန်ဂျာစီရောင်းဆိုင်တွင် ရွန်းနီနာမည်ကိုအဲဗာတန်ဂျာစီမှာရိုက်နိုပ်ခိုင်းခဲ့ပြီဝတ်ဆင်ခဲ့တာပါ။

အဲဗာတန်ကစားသမားဟောင်းရွန်းနီသည် အင်္ဂလန်လက်ရွှေးစင်အသင်းအတွက် ၅၃ဂိုး၊မန်ချက်စတာယူနိုင်တက်အသင်းအတွက်၂၅၃ဂိုးသွင်းယူပေးကာ နိုင်ငံအသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ ဂိုးအများဆုံးသွင်းသူအဖြင့်ရပ်တည်လျက်ရှိသော တိုက်စစ်မှူးတစ်ယောက်ဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။