ပရိတ်သတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်တဲ့အပြင် အခုဆိုရင် မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်နေတာဖြစ်ပါတယ်။

photo credit-Nay Chi Oo's Facebook page
photo credit-Nay Chi Oo's Facebook page

နေခြည်ဦးဟာ ပရိသတ်တွေရဲ့အားပေး၀န်းရံမှုကို အချိန်တိုအတွင်းရရှိခဲ့တာလည်းဖြစ်ပြီးတော့ အခုဆိုရင် သူမရဲ့ Facebookမှာသာမက Instagramတွေ Tik tokတွေထိပါ အားပေး၀န်းရံမှုတွေရရှိတာလည်းတွေ့ရပါတယ်။ မကြာသေးမီကလည်း နေခြည်ဦးဟာ သူမရဲ့ Facebook စာမျက်နှာလေးမှာ "Celebration of 1 Million Followers Milestone on both Instagram and Tik Tok ဒီရက်ပိုင်းမှာ နေခြည့်အတွက် အထူးခြားဆုံး အရာလေးတွေ ဆက်တိုက်ဆိုသလို ရှေ့ဆင့်နောက်ဆင့်ဖြစ်ခဲ့တယ်ပေါ့နော်။အခုဆိုရင် နေခြည့်ရဲ့ Beautybynaychi Facebook Page ကလည်း 1.5 Million Organic Followers ရှိနေပြီ။ နေခြည်အပျော်ဆုံးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ နေခြည့် Instagram နဲ့ Tik Tok ကလည်း တစ်ရက်တည်းမှာပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို 1 Million Followers ကို Hit သွားတာပါပဲ။ မြန်မာနိုင်ငံလူဦးရေရဲ့ 40.5% လောက်က Facebook တစ်ခုတည်းကိုပဲ အသုံးများတဲ့ အချိန်မှာ IG နဲ့ Tik Tok မှာပါ ဒီလို Achievement မျိုးရတာ နေခြည့်အတွက်တော့ တကယ့်ကို ပျော်လဲပျော်ရ၊ ဂုဏ်လဲယူရတဲ့ အမှတ်တရ တစ်ခုပါပဲ.....။

photo credit-Nay Chi Oo's Facebook page
photo credit-Nay Chi Oo's Facebook page

"နေခြည်နဲ့ နေခြည့် Team ရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်လို့ပြောရမှာပေါ့။Beautybynaychi ဆိုတာ စပြီးဖြစ်တည်လာကတည်းက အားပေးလာခဲ့တဲ့ Chillies တွေနဲ့ နောက်ပိုင်းမှ နေခြည့်ကို သိပြီး အသိအမှတ်ပြုပေးတဲ့ new Chillies လေးတွေကိုရော နေခြည်က အရမ်းကျေးဇူးလဲတင်သလို၊ ချစ်လဲချစ်ပါတယ်လို့ ပြောချင်ပါတယ်။ Chillies လေးတွေရဲ့ React တစ်ခု Comment တစ်ခုက နေခြည့်အတွက် အလုပ်ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်စေတဲ့တွန်းအားတွေပါပဲ။ နောက်ပိုင်းမှာလဲ နေခြည့် Team နဲ့အတူ အလုပ်တွေအများကြီးကြိုးစားပြီး ပိုကောင်းပြီးဆန်းသစ်တဲ့အရာတွေကို ချပြရင်းနဲ့ Chillies လေးတွေအများကြီး ဂုဏ်ယူရတဲ့ "နေခြည်ဦး" ဖြစ်အောင် တဆင့်ပြီးတဆင့်ကြိုးစားသွားမယ်လို့ နေခြည်ကတိပေးပါတယ်။နေခြည့်ရဲ့ အောင်မြင်မှုဟာ Chillies လေးတွေရဲ့ အောင်မြင်မှုပါပဲ။ လာမယ့် Milestones တွေကိုလဲ နေခြည်နဲ့အတူ ကြိုးကြိုးစားစား တည်ဆောက်သွားကြရအောင်နော်။ နေခြည့်ကိုလည်း အများကြီးချစ်ပေးပြီး စောင့်ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်...." ဆိုပြီး ရေးသားကာ အမှတ်တရပုံလေးတွေလည်းတင်ပေးလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Nay Chi Oo's Facebook page
photo credit-Nay Chi Oo's Facebook page

Source& photo credit-Nay Chi Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။