မြန်မာနိုင်ငံမှာ သရုပ်ဆောင်မင်းသားတွေထဲမှာ ပရိသတ်တွေ အားပေးမှု အရဆုံး မင်းသား တစ်ဦးဖြစ်တဲ့ မြင့်မြတ်နှင့် ဘာလုပ်လုပ် ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဖွေးဖွေးတို့ အတူတူရိုက်ထားတဲ့ ဇာတ်ကားဆို ကတည်း က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရပြီးသားပါ။ အများနှင့် မတူတဲ့ ဇာတ်ကားနာမည်ကို ပိုင်ဆိုင်ထားတဲ့ 'ဘုန်းကညာ နှစ်ပါး' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံမတင် ခင်ကပင် အောင်မြင်မှုရရှိနေပါပြီ။

ထို ဇာတ်ကားရဲ့ နမူနာကို ၅ရက်နေ့ဖေ့ဘွတ် စာမျက်နှာမှာတင်ခဲ့ပြီး ၆ရက်နေ့ မှာတင် ကြည့်ရှု့သူ ၁.၇ သန်းကျော်ရှိခဲ့ပါတယ်။ ထိုဇာတ်ကားအကြောင်းကတော့ 'မတူကွဲပြားတဲ့ ဖို မ အကြား တချို ့တယူသန်တွေရဲ့အတွေးခေါင်မှုတွေကြောင့် ယောကျာင်္း ကမြတ်တယ် မိန်းမကမမြတ်ဘူးနဲ့ သူ့နေရာနဲ့ သူ အထိုင်ကျနေတာကို ဒီလိုပြောင်းရွှေ့လိုက်ရင် ယောကျင်္ား ရော မိန်းမရော ဘယ်လို့ ခံစားရလဲဆိုတာ သိစေဖို ့' အတွက်ဆိုပြီးရေးထားပါတယ်။

ယောကျာ်းလေးလို ဝတ်ဆင်ထားတဲ့ ဖွေးဖွေးရဲ့ ပုံ နှင့် မြင့်မြတ်ရဲ့ မိန်းကလေးလို ဝတ်ဆင်ထားတဲ့ ဝတ်စားဆင်ယင်ပုံနှင့်ပီပြင်စွာ သရုပ်ဆောင်မှုတွေ အပြင် viral ဖြစ်သွားတဲ့ ဖွေးဖွေးရဲ့ ချစ်စဖွယ်ပုံတွေ့ကြောင့်လဲ ကြည့်ရှု့ သူတွေကတော့ ဒီကားရုံတင်ရင် သွားကြည့်မယ်တကဲကဲ ဖြစ်နေပါတော့တယ်။ ၂၁ ရက်နေ့မှာရုံတင်မယ့် ဟာသ ဇာတ်ကားကြီးကို သင်ရောကြည့်ချင်လားဆိုတာ comment ပေးသွားနော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။