ကြို့ထိုးတာဟာ တကယ်ကိုနေရခက်တဲ့ အခိုက်အတန့်ပါ။ လုပ်ငန်းခွင်ထဲရောက်နေချိန်ဆိုရင်လည်း တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ တကယ်တော့ကြို့ထိုးတာဟာ ဝမ်းခေါင်းကြွက်သားရုတ်တရက် ကျုံ့သွားတာကြောင့်ဖြစ်ပါတယ်။ 

အဲဒီလိုရုတ်တရက် ကျုံ့သွားတာကြောင့် အသက်ရှုသွင်းခြင်းဟာရုတ်တရက် ရပ်တန့်သွားပြီး ကြို့ထိုးသံပေါ်လာရခြင်း ဖြစ်ပါတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အစားအလွန်အကျွံ စားသုံးခြင်း၊ဆေးလိပ်သောက်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။

ကြို့ထိုးတာဟာအချိန်အနည်းငယ်အတွင်းမှာပင် သူ့အလိုလိုသက်သာသွားလေ့ရှိပါတယ်။ ဒါပေမယ့် ကြို့ထိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းများကိုအသုံးပြုပြီး ကြို့ထိုးတာကိုဖြေရှင်းနိုင်ပါတယ်။

1. အသက်ဝဝရှုသွင်းပြီးနောက် အသက်အောင့်ကာ1 မှ 10 အထိ ဖြည်းညင်းစွာရေရွတ်ပါ။

2. လက်ဖဝါးကို အခြားလက်တစ်ဖက်ရဲ့ လက်မဖြင့် ခပ်ပြင်းပြင်းလေးဖိပေးပါ။

3. သူငယ်ချင်းများအားပြောင်ပြသလို လျှာထုတ်ပြခြင်းဖြင့်လည်း ကြို့ထိုးတာကိုသက်သာစေပါတယ်။

4. ရေအေးတစ်ခွက်သောက်ပါ။ အဲဒီ့လိုသောက်ရာမှာလည်းလက်ချောင်းများဖြင့် နားနှစ်ဖက်ကိုပိတ်ထားပြီးပိုက်ဖြင့် စုပ်သောက်ပါ။

5. သကြား(သို့)ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေနွေးဖြင့် ဖျော်သောက်ပါ။

6. ပန်းသီးဗီ်နီကာ (Apple Cider Vinegar)သောက်ပေးပါ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆိုလုံလောက်ပါတယ်။

7. နမ်းရှုံ့ခြင်းကလည်း ကြို့ထိုးတာကိုသက်သာစေတယ်လို့ ဆိုပါတယ်။

8. ကလေးငယ်များ ကြို့ထိုးနေရင်တော့ မြေပဲထောပတ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ရေခဲမုန့် အေးအေးလေးတစ်ဇွန်းလောက် ကျွေးလိုက်ရင် သက်သာသွားနိုင်ပါတယ်။ လသားအရွယ်ဆိုရင်တော့ ကလေးကိုပခုံးပေါ်မှာမှောက်လျက်တင်ပြီးကျောကိုညင်သာစွာပုတ်ပေးပါ။

9. ကြို့ထိုးတာကို ကြိုတင်ကာကွယ်ရန်အတွက် ဘီယာ၊ အမြုပ်ပါတဲ့ Soda ရည်များကို တတ်နိုင်သလောက် ရှောင်ရှားပါ။ အစာကိုဖြည်းဖြည်းချင်းဝါးစားပါ။

သတင်းအရင်းမြစ် Dr. Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။