ပရိသတ်ကြီးရေ...သရုပ်ဆောင် စမိုင်းကတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိသတ်ရင်ထဲ နေရာတစ်ခုအခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ သရုပ်ဆောင် မင်းသမီး စမိုင်းလ်က မိသားစုကို အချိန်ပေးရင်း အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ် ။

Photo credit - Amazing Grace
Photo credit - Amazing Grace

သူမရဲ့ သမီးချောလေးတွေကိုလည်း အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်နိုင်အောင် ထောက်ပံ့မှုအပြည့်အဝပေးနေသူပါ။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ စမိုင်းလ်က အရာရာကို အလိုလိုက်ပြီး ဂရုစိုက် ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။ အောက်တိုဘာလ ၂၂ရက်နေ့လေးကတော့ သူမရဲ့ ခင်ပွန်း မွေးနေ့လေးပဲ ဖြစ်ပါတယ်။

Photo credit - Amazing Grace
Photo credit - Amazing Grace

မွေးနေ့ညမှာ ပျော်ရွှင်စရာဂိမ်းအစီအစဥ်တွေနဲ့ ဆုမဲတွေဖောက်ရင်း ဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ယနေ့မှာတော့ " တစ်ယောက်တည်းဂယက်ထခဲ့တဲ့ညပေါ့ " ဆိုတဲ့ စာသားလေးနဲ့အတူ ရေးသားတင်ပေးလာတာပါ။ ကဲ...သရုပ်ဆောင် စမိုင်းလ်ရဲ့ ဂယက်ထခဲ့တဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - စမိုင်းလ် Smile 's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။