ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် နေဒွေးကိုလည်း သဘာဝမင်းသားတစ်လက်အဖြစ် ပရိသတ်တွေကအသိအမှတ်ပြုအားပေးကြပြီး ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

မြဝတိီမှာ ပြသခဲ့တဲ့ ပြည်ထောင်စုသစ္စာ ဇာတ်ကားမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ခခဲ့ပြီး သူ့ရဲ့ သဘာဝကျကျ သရုပ်ဆောင်စွမ်းရည်တွေကြောင့်လည်း ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ နေဒွေးတစ်ယောက် လက်တလောမှာတော့ ကျုးကျုးကျော်ကျော် ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ကျူးကျူးကျော်ကျော်မှာပါဝင်တဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီးနေဒွေးက "ဒီကားထဲမှာ ကျွန်တော်နဲ့ အိချောပိုက မောင်နှမ သွန်းဆက်နဲ့ ကိုပြေတီက မောင်နှမ Crossing ပြန်ကြိုက်ကြတာ။ ယူလိုက်တယ်။ အမှန်တော့ ကိုပြေတီဦးက ကျွန်တော့်ညီမကိုယူလို့ ကျွန်တော်မကျေနပ်လို့ သူ့ညီမပြန်ယူတာ။ အိမ်ကြီးက တက္ကသိုလ်ဂွမ်းပုံရဲ့အိမ် ။ ကိုပြေတီဦးနဲံသွန်းဆက်ရဲ့ အဖွားအိမ်ပေါ့။ အမွေခွဲရင်းနဲ့ ရန်တွေဖြစ်ကြတာ။ ဟာသဇာတ်လေးပေါ့။ "လို့ Myanmar People Magazine မှာ ပြောပါတယ်။

မင်းသားချော နေဒွေး က သူ့ရဲ့ နေအိမ်မှာ မိခင်ဖြစ်သူနဲ့အတူ ဆရာတော်တစ်ပါးကို ၀ါဆိုသင်္ကန်းကပ်လှုပြီး ကုသိုလ်ယူခဲ့တယ်လို့သိရပါတယ်။" မနက်ပိုင်းဘယ်လိုမှမအားတော့ ခရီးမထွက်ခင်ရှုတင်အပြီးညဘက်ကြီးဘဲ ဝါဆိုသင်္ဃန်းကပ်ပီးကုသိုလ်ပြုလိုက်ရတယ်။ ကျွန်တော်ရဲ့ချစ်တဲ့မြန်မာပြည်သူပြည်သား ရနှစ်ရက်သားသမီးများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးဘေးကင်းကြပါစေသား" လို့ သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ပရိသတ်တွေအတွက်ပါ ဆုတောင်းပေးထားပါတယ်။ 

သတင်းအရင်းမြစ် myan people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။