ပရိသတ်ကြီးရေ...သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်အားပေးမှုကို ယနေ့တိုင် ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို မြင်တွေ့မရပေမယ့် သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက်ထက်မှာ အမြဲလိုလို ဝေမျှလေ့ရှိသူမို့ ပရိသတ်တွေကလည်း အားပေးနေဆဲပါ။ ယနေ့မှာလည်း ဥက္ကာမင်းမောင်က သူရဲ့ လူမှုကွန်ယက်ထက်မှာ သူရဲ့ အဖိုး ကွယ်လွန်သွားတာနဲ့ ပတ်သတ်လို့ ရေးသားမျှဝေလာခဲ့ပါတယ်။

Photo credit - Okkar Min Maung's Fb Page

ဥက္ကာမင်းမောင်က " ချစ်လှစွာသော အဖိုး ဒီနေ့မနက်ကပဲ အေးချမ်းစွာ သူချစ်တဲ့မိသားစုကို နှူတ်ဆက်သွားခဲ့ပြီ.. မကြာခင်ကပဲ Facetime ခေါ်လို့ စကားတွေပြောရယ်မောနေခဲ့သော ကျွန်တော့် အဖိုး.. ငယ်ငယ်လေးထဲက ကိုယ်က မြေးဦးဆိုတော့ အဖိုးတို့ အဖွားတို့ လက်ထဲပဲ ကြီးပြင်းလာခဲ့တာ.. သူ့မြေးအကြောင်းကို သူ့သူငယ်ချင်းတွေနဲ့တွေ့တိုင်း အမြဲ ကြွားတတ်သော ကျွန်တော့်ရဲ့အဖိုး.. အသက် ၉၀ ကျော်အရွယ်အထိ အဖိုးရဲ့ဘဝတလျောက်လုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားခဲ့တယ်.. ။

Photo credit - Okkar Min Maung's Fb Page
Photo credit - Okkar Min Maung's Fb Page

မနေ့ကထိလဲ အကောင်းကြီး.. ဒီနေ့မနက် အိပ်ယာထဲမှာပဲ ဘာဝေဒနာမှ နာနာကျင်ကျင်ခံစားရခြင်းမရှိပဲ အေးချမ်းစွာ ပြန်မလာနိုင်တော့တဲ့ခရီးရှည်ကြီးဆီကို ထာဝရထွက်ခွာသွားခဲ့ပြီ...ထွက်သွားတဲ့သူက တော့ ဘဝကိုအနိုင်နဲ့ ပိုင်းပြီး ထွက်သွားခဲ့ပေမယ့် ကျန်ခဲ့တဲ့ သူတွေကတော့ ဝမ်းနည်းပူဆွေးခြင်းများစွာနဲ့.. ရင်ထဲ မကောင်းလိုက်တာ.. အမေငိုနေတာမြင်တော့ မကြည့်ရက်ဘူး... အဝေးကနေဘာမှလဲ လုပ်ပေးလို့မရ.. အဖိုး ကောင်းရာသုဂတိလားပါစေ.. အေးချမ်းပါစေ.." ဆိုပြီး ဝမ်းနည်ကာ ရေးသားလာတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်.... ။

Photo credit - Okkar Min Maung's Fb Page

Source & Photo credit - Okkar Min Maung's Fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။