ပရိသတ်ကြီးရေ..သရုပ်ဆောင် ဘုန်းလျှံကတော့ အနုပညာလောကထဲကို တဖန်ဝင်ရောက်လာပြန်ပါပြီနော်။ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သူက ယခုအချိန်မှာတော့ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေရှေ့ မကြာသေးခင်အချိန်ကမှ ချပြထားတာဖြစ်ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးပါနော်။

Photo credit - Bhone Hlyan's FB account
Photo credit - Bhone Hlyan's FB account

ချစ်သူလေးနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ပေါင်းစပ်လုပ်ကိုင်နေပြီး သူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေထိုင်နေတာပါ။ သူရဲ့ သူငယ်ချင်းတွေထဲမှ ပရိသတ်အချစ်တော် မင်းသမီးချော ပွင့်နဒီမောင်ကလည်း အခင်မင်ရဆုံး သူငယ်ချင်းပါနော်။ ယနေ့မှာတော့ သူငယ်ချင်းနဲ့ နှစ်ယောက်အတူ ခင်ခင်မင်မင်ပုံလေးတွေကို တင်ပေးလာရင်း ချီးကျူးစကားလေးဆိုလိုက်ပါသေးတယ်။

Photo credit - Bhone Hlyan's FB account
Photo credit - Bhone Hlyan's FB account

ဘုန်းလျှံက " ဘယ်လိုအခြေအနေမျိုးမှာပဲရောက်ရောက်ဘယ်တော့မှ.ခင်မင်မှုပြောင်းလဲမသွားတဲ့သူငယ်ချင်းကောင်းပိုးအိ.ဒီထက်မကအောင်မြင်ပါစေ " ဆိုပြီး ချီးကျူးရင်း ဆုတောင်းပေးလိုက်တာပါ။ 

ကဲ...သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံလေးကို ကြည့်ပြီး စာသားလေးတွေကိုလည်း ဖတ်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်......။

Photo credit - Bhone Hlyan's FB account

Source & Photo credit - Bhone Hlyan's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။