သရုပ်ဆောင် ကျော်ကျော်ကတော့ အမြဲဟာသဗီဒီယိုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိသူဖြစ်ပြီး ယနေ့မှာလည်း ကြည့်မိသူတိုင်းရယ်မောသွားရလောက်အောင် ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာပြန်ပါတယ်။ အချစ်၊ အမုန်း ၊ အလွမ်း ၊ အဆွေး ၊ ဟာသ စတာတွေမှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သရုပ်ဆောင်ကျော်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူပါ။

Photo credit - Kyaw Kyaw's Facebook Account

သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့ သုံးယောက်လုံးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်တွေပါ။ 

သူငယ်ချင်းတွေ ဆုံတိုင်း ဟာသလေးတွေနဲ့ ရယ်မောရအောင် ဗီဒီယိုဖိုင်လေးတွေကို တင်ပေးလေ့ရှိနေပြီး "NHK ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ pageလေးကိုလည်း တည်ထောင်ထားပါသေးတယ်။

Photo credit - Kyaw Kyaw's Facebook Account

ယနေ့မှာတော့ ကျော်ကျော်က သူငယ်ချင်း ဆုမြတ်နိုးဦးရဲ့ ပိုက်ဆံအိတ်ကို လွယ်ကာ အခြောက်မလို သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကို တင်ပေးလာတာပါ။ ရယ်မောရတဲ့ ဗီဒီယိုလေးအပြင် " လိုအပ်လာလျှင် ရှေ့တန်းက​နေပြီး ရှောက်သီးဆေးပြားရောင်းစားဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင်ကျော်ကျော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး ဘဝအမောတွေပြေပျောက်သွားစေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit - Kyaw Kyaw's Facebook Account

Source & Photo credit - Kyaw Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။