Charley Patterson လို့ခေါ်တဲ့ အသက် 12 နှစ်အရွယ် ကောင်မလေးဟာ အောက်တိုဘာလ 1 ရက်နေ့မှာပဲ ကိုယ့်ကိုကိုယ်အဆုံး စီရင်သွားခဲ့ပါတယ်။

ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ အတန်းဖော်သူငယ်ချင်းတွေဆီကခံရတဲ့ အနိုင်ကျင့်မှုတွေ ၊ ဆိုးရွားတဲ့ message တွေပို့ပီး တိုက်ခိုက်တဲ့ ဓာဏ်ကို မခံနိုင်တော့တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo credit - Daily Mail

Charley ဟာ ပြီးခဲတဲ့ နိုဝင်ဘာလတုန်းကလည်း အနိုင်ကျင့်ခံရမှုတွေကို မခံနိုင်တဲ့အဆုံး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့ပီး ဒါကိုတွေ့တဲ့ သူ့ငယ်ချင်းတွေဟာ "နင်ဟာတော်တော်အသုံးမကျတဲ့သူတစ်ယောက်ပဲ နင့်ကိုနင်သတ်သေလို့မရဘူး ၊ နင့်မိသားစုပျော်ရွှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နင်သေမှ​ဖြစ်မှာ ဆိုတဲ့စကားလုံးတွေနဲ့ ထိုးနှက်ခဲ့ကြပါတယ်။

Charley ဟာ "lesbian emo feak " လို့လည်းအမြဲအခေါ်ခံရပီး ကျောင်းတက်ရတဲ့နေ့ရက်တွေက သူမအတွက် အိမ်မက်ဆိုးကြီးလို ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Daily Mail

အဲ့ဒီနောက် Corona Virus ကြောင့် lockdown ဖြစ်နေတဲ့ကာလမှာ မိခင်ဖြစ်သူဟာ သူ့ရဲ့ကလေးဆီရောက်လာတဲ့ အွန်လိုင်းက ကြမ်းကြမ်းတမ်းတမ်း message တွေကိုကာကွယ်ပေးဖို့အတွက် ဖုန်းကိုသိမ်းခဲ့ပေမယ့် lockdown ကာလမှာ ကျောင်းစာသင်ဖို့အတွက် သူမရဲ့ laptop ကိုအသုံးပြုခွင့်ပေးခဲ့ရပါတယ်။

အဲ့အချိန်မှာပဲ Charley ဟာအွန်လိုင်းကနေ သူမကို တိုက်ခိုက်တဲ့ message တွေအများအပြားရရှိခဲ့ပီး စိတ်ဒဏ်ရာက ပိုဆိုးလာခဲ့ပါတယ်။

အဲ့ဒီနောက် တဖြေးဖြေးဆိုးလာရင်းနဲ့ပဲ အောက်တိုဘာလ တစ်ရက်နေ့မှာ Charley ကို သူမရဲ့မိဘတွေဟာ သေဆုံးလျက်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုးဘဝဇာတ်သိမ်းသွားတဲ့ Charley လေးရဲ့အဖြစ်ကတော့ စိတ်မကောင်းစရာပါပဲ။

Photo credit - Daily Mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။