ဖိလစ်ပိုင်မော်ဒယ်လ် Sinon Loresca ကတော့ မြန်မာနိုင်ငံကို အတော်လေး ချစ်ခင်တွယ်တာ တာကို တွေ့ရပါတယ်။ သူရဲ့ ကျော်ကြားမှုတွေကလည်း ကမ္ဘာနှင့်တစ်ဝန်းရှိနေတာဖြစ်ပြီး ယခုလက်ရှိ မြန်မာနိုင်ငံမှာ အခြေချနေထိုင်တာ တော်တော်ကြာပြီပဲ ဖြစ်ပါတယ်။ Covid ကာလမှာ အခြေခံလူတန်းစားတွေကို သူရဲ့ အနုပညာငွေကြေးနဲ့ အလှူပြုလေ့ရှိတာဖြစ်လို့ ယနေ့မှာလည်း ဝမ်းသာစရာကောင်းလောက်အောင် အလှူကြီးတစ်ခုပြုလုပ်လိုက်ပြန်ပါပြီနော်...။

Photo credit - Sinon Loresca's FB ACCOUNT
Photo credit - Sinon Loresca's FB ACCOUNT

ဒါကတော့ နေ့စဥ်စားသုံးမှုတွေထဲမှာ လိုအပ်တဲ့ ဆန်၊ဆီနဲ့ အခြားသောပစ္စည်းတွေကို အလှူပြုတာပါ။ အလှူတွေဆိုလက်မနှေးပဲ အလှူပြုတတ်သူဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ အားတက်သရောပါဝင်လုပ်ကိုင်ပေးတတ်တဲ့ Sinonက ​ကြည်နူးစရာပုံရိပ်လေးတွေအပြင် " ဒီနေ့ ကျတော် ရန်ကုန်မှာ ‌Lockdown မိနေတဲ့ဆင်းရဲ ​နွမ်းပါးသူအချို့ကို ဆန် ခေါက်ဆွဲ ငါးသေတ္တာ ,ဆီအချို့ပေးဝေသွားမှာဖြစ်ပါတယ် ကျတော်တတ်နိုင်သလောက်လေးနဲ့သူတို့ပျော်ရွှင်အောင်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ် အမြဲတမ်းမှတ်ထားပါ ဆင်းရဲနွမ်းပါသူတွေကို ဘယ်‌တော့မှ မေ့မထားပါနဲ့ " ဆိုပြီး ရေးသားထားတာပါ။

Photo credit - Sinon Loresca's FB ACCOUNT
Photo credit - Sinon Loresca's FB ACCOUNT

လူရော၊ စိတ်ဓာတ်ပါ အဖက်ဖက်က ပြီးပြည့်စုံလွန်းတဲ့ Sinonကို ပရိသတ်တွေက အချစ်ပိုနေကြတာဟာလည်း မမှားနိုင်ပါဘူး ။ ဧည့်သည်အဖြစ် မြန်မာနိုင်ငံမှာ နေထိုင်ရင်း ပြည်သူတွေကို အလှူပြုပေးကမ်းနေတဲ့ ဖိလစ်ပိုင်မော်ဒယ်လ် Sinon Loresca ရဲ့ ပုံလေးတွေကို ပြန်လည် တင်ဆက်ပေးလိုက်ပါရစေနော်။ ကဲ...ပုံလေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက Comments မှာ ရေးသားအကြံပြုခဲ့ပါအုန်းနော်.....။

Photo credit - Sinon Loresca's FB ACCOUNT
Photo credit - Sinon Loresca's FB ACCOUNT

Source & Photo credit - Sinon Loresca's FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။