သရုပ်ဆောင် မင်းသမီး မိုးယုစံကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူပါနော်။ သူမကတော့ မင်းသားရှုံးလောက်အောင် ခန့်ညားချောမောတဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားပြီး နားလည်ဂရုစိုက်ကြင်နာပေးသူမို့ မိန်းကလေးပရိသတ်တွေရဲ့ စံပြအမျိုးသမီးလည်း ဖြစ်လို့နေပါတယ်။ မိုးယုက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ဘဝကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေပြီး အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားသူပါနော်။

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

ချစ်စရာကောင်းတဲ့ သားသားလေးကို မွေးဖွားပိုင်ဆိုင်ထားပြီး မိုးယုက နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားပါသေးတယ်နော်။ သားသားလေး Austin ကို မိုးယုက သူမကိုယ်တိုင် သေချာဂရုစိုက် ပျိုးထောင်နေတာဖြစ်လို့ မြင်သူတိုင်းချစ်တဲ့ သားလိမ္မာလေးလည်း ဖြစ်လို့နေပါတယ်။ Austin မမွေးဖွားရသေးတဲ့ မေမေ့ဗိုက်ထဲက ကလေးလေးကိုလည်း အခုထဲက အသည်းယားချစ်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

ယနေ့မှာတော့ Austin က ကလေးပီပီ ဆော့ကစားနေရင်း အရုပ်လေးတွေကို ညီလေး၊ ညီမလေးသဖွယ် ရင်ခွင်သေးသေးလေးထဲပိုက်ကာ အချစ်ပိုနေခဲ့တာပါ။ သားသားလေးရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကို ကြည့်ပြီး မေမေ မိုးယုက အမှတ်တရပုံလေး ရိုက်ကူးကာ " ကလေး သုံးယောက်ကို ချစ်တာ အကိုကြီးပီသပြီး လူကြီးဆန်တဲ့သားသားလေး " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားတင်ပေးလာတာကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်နော်..... ။ 

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

Source & Photo credit - Moe Yu San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။