အဆိုတော်ဂရေဟမ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ဂရေဟမ်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Graham's Facebook page
Photo Credit : Graham's Facebook page
Photo Credit : Graham's Facebook page

အဆိုတော်ဂရေဟမ်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဂရေဟမ်ရဲ့ သမီးလေးနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီပဲဖြစ်ပါတယ်။ ဂရေဟမ်ကတော့ ဇနီးမောင်နှံနှစ်ယောက်သား နုပျိုချောမောခဲ့ပြီး သမီးလေးပန်းရောင်ခြယ်ကို ချီကာ ဥပ​ဒေဘွဲ့ယူခဲ့တဲ့ အမှတ်တရပုံရိပ်လေးကို ချပြလိုက်ပါတယ်။ 

Photo Credit : Graham's Facebook page
Photo Credit : Graham's Facebook page
Photo Credit : Graham's Facebook page

ဂရေဟမ်ကတော့ " ၁၉၉၇ - 1997 ရန်ကုန်တက္ကသိုလ်မှာ ဥပ​ဒေဘွဲ့ယူတုန်းက .. ကျွန်​တော့်အမျိုးသမီးရယ် သမီးကြီးရယ် ကျွန်​တော်ရယ်၊ သမီးငယ်လေးမ​မွေး​သေး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဂရေဟမ်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Graham's Facebook page

Photo Credit : Graham's Facebook page
Photo Credit : Graham's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။