ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုးမမှီသာကတော့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသူလေးမို့ ယောကျ်ားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တွေ အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်လျှောက်လှမ်းနေသလို ပညာရေးပိုင်းမှာ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်ပြီး အေးချမ်းပြီးချိုသာအပြုံးလှလှလေးတွေနဲ့ မြင်သူတကာကို အမြင်အေးချမ်းစေသူလေးပါနော်။

Photo credit - HAK
Photo credit - HAK

အနုပညာလမ်းကြောင်းထက်ကို ဝင်ရောက်လာခဲ့တာမကြာသေးပေမယ့် ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားသူပါနော်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ပိတောက်ကတဲ့ ဂီတ " ရုပ်ရှင်ဇာတ်ကားကြီးကလည်း ထင်မှတ်မထားလောက်တဲ့ အောင်မြင်မှုမျိုးကို ရရှိထားပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျတာကို တွေ့ရပါတယ်။ ယခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာပါ။

Photo credit - HAK
Photo credit - HAK

ယနေ့မှာတော့ ပိုးက သူမရဲ့ ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် ပုံရိပ်အလန်းလေးတွေကို တင်ပေးလာပြန်ပါတယ်။ ပိုးက အဖြူရောင် ဂါဝန်တိုလေးနဲ့ အသည်းယားစရာကောင်းလွန်းနေပြီး အလွှင့်ပုံစံခပ်လန်းလန်း​လေး ပိုစ့်ပေးနေတာဖြစ်လို့ ပုရိသပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။ ကဲ...ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - HAK
Photo credit - HAK
Photo credit - HAK

Photo credit - HAK

Source - Poe Mamhe Thar's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။