အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလမ်းကြောင်းထက်မှာ အချိန်အတော်ကြာရပ်တည်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကား အမြောက်အများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နန်းမြတ်က ပရိသတ်အခိုင်အမာရရှိထားသူပါ။ နန်းမြတ်က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်အားပေးမှုကိုတော့ ယနေ့တိုင် ရရှိနေဆဲပဲ ဖြစ်ပါတယ်။ 

Photo credit - Nann Myat Phyo Thin's FB account
Photo credit - Nann Myat Phyo Thin's FB account

နန်းမြတ်ကလည်း တစ်ခါတလေ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ နန်းမြတ်က သူမနဲ့တူတဲ့ သားသားလေး ဂျက်ဂျက်ကို မွေးဖွားထားပြီး နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရကြောင်း မကြာသေးမီအချိန်ကမှ ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ သားသားလေးကို နန်းမြတ်က ရင်နဲ့မကွာသေချာဂရုစိုက် ပျိုးထောင်နေတာဖြစ်လို့ မြင်သူတိုင်းချစ်တဲ့ လိမ္မာတဲ့သားလေးလည်း ဖြစ်လို့နေပါတယ်။

Photo credit - Nann Myat Phyo Thin's FB account

ကလေးသဘာဝ ဆော့ကစားနေတဲ့ သားသားလေးရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာပါ။ ယနေ့မှာလည်း ဧည့်ခန်းအကျယ်ကြီးထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ သားသားလေး ဂျက်ဂျက်ကို ချော်လဲမှာဆိုးလို့ ကိုယ်ဝန်ကြီးနဲ့ သူမကိုယ်တိုင် လိုက်ထိန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပါ။ ကဲ..ချစ်ပရိသတ်တွေအတွက် နန်းမြတ်နဲ့ သားသားလေးရဲ့ ဗီဒီယိုလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Nann Myat Phyo Thin's FB account
Photo credit - Nann Myat Phyo Thin's FB account

Source & Photo credit - Nann Myat Phyo Thin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။