မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ လက်ဝှေ့အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။One Championshipရဲ့ ဝိတ်တန်း (၂)ခုကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်ကတော့  ယခုမှာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရိုင်နာဒီရစ်ဒါနဲ့ ထိုးသတ်ရမှာပဲဖြစ်ပါတယ်။ 

Photo Credit: aung la nsang(burmese python) ' s facebook page
Photo Credit: aung la nsang(burmese python) ' s facebook page

အောင်လအန်ဆန်နဲ့ ရိုင်နာဒီရစ်ဒါတို့ရဲ့ ပွဲကိုအောက်တိုဘာ (၃၀)ရက်နေ့တွင် စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ အဆိုပါပွဲအတွက် လေ့ကျင်ပြင်ဆင်မှုတွေပြုလုပ်နေသလို ပရိသတ်တွေကလည်းအောင်လအန်ဆန်ကို အားပေးဖို့စောင့်မျှော်လျက်ရှိနေပါတယ်။အောင်လအန်ဆန်ကတော့ ချန်ပီယံလုပွဲထိုးသတ်ဖို့ စင်ကာပူကိုရောက်နေချိန် သမီးလေးရဲ့အပြုံးတွေကို video callကတဆင့် မြင်တွေ့ခဲ့ရလို့ အားတွေပိုရှိသွားပြီး ပြုံးပျော်ရွှင်နေခဲ့ပါတယ်။ 

Photo Credit: aung la nsang(burmese python) ' s facebook page
Photo Credit: aung la nsang(burmese python) ' s facebook page
Photo Credit: aung la nsang(burmese python) ' s facebook page

အောင်လန်အန်ဆန်ကတော့ " FaceTiming San Seng from the other side of the world always makes me so happy "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source : aung la nsang(burmese python) ' s facebook page 

Photo Credit: aung la nsang(burmese python) ' s facebook page
Photo Credit: aung la nsang(burmese python) ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။